26 6 0
                                    

Q က နောက်ဆုံးကျန်တဲ့ရန်သူရဲ့ ခေါင်းကိုဖြတ်လိုက်ပြီးနောက်မှာ သူမရဲ့ခံနိုင်ရည်သည်လည်း ကျဆုံးသွားခဲ့ပြီ။ သူမက ရန်သူပေါင်းမြောက်မြားစွာရဲ့ သွေးအိုင်ကြီးအလည်မှာ ဒူးထောက်ကျသွားပြီး၊ အနက်ရောင်သွေးတွေအား အန်ထုတ်လိုက်လေတော့သည်။ ပြီးနောက်သူမက သွေးအိုင်ပေါ်၌သာလှဲချလိုက်ပြီး၊ ဝေဝါးနေသည့် အမြင်အာရုံမှတစ်ဆင့် သူမမြတ်နိုးရတဲ့ပုံရိပ်လေးတွေဟာ ပေါ်ပေါက်လာခဲ့သည်။

သူမ R ကို ဗဟိုဌာနမှာစပြီးသိကျွမ်းခဲ့တာဖြစ်တယ်။ R ဆိုတဲ့ကောင်မလေးက လူတိုင်းနဲ့ဖော်ဖော်ရွေရွေနေတတ်ပြီး အမြဲပြုံးနေတတ်သလောက်၊ သူမရဲ့ ဟန်ဆောင်ထားတဲ့စိတ်သဘောထားကို Q က လွယ်လွယ်ကူကူမြင်နိုင်ခဲ့တယ်။ သူမတို့နှစ်ယောက်က အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေဖြစ်သည့် အလျောက်၊ အရာတော်တော်များများကို အတူတူဆွေးနွေးဆုံးဖြတ်ခဲ့ရတယ်။

သူမ တိုက်ပွဲတစ်ခုမှာ R ဒဏ်ရာအပြင်းအထန်ရခဲ့သည့်အချိန်က ဆေးကုပေးခဲ့ရသေးတာကိုလည်း မှတ်မိသေးတယ်။ Q ရဲ့ စွမ်းရည်က တိုက်ခိုက်တာအပါအဝင်၊ ဆေးကုသတဲ့စွမ်းအင်ပါ ပိုင်ဆိုင်ထားသည်လေ။ ဒါကြောင့် သူမရဲ့ကုသပေးမှုကြောင့် အပြင်းအထန်ထိခိုက်ထားသည့် R က သုံးရက်အတွင်း ပြန်ကောင်းလာခဲ့တယ်။ စိတ်မကောင်းစရာကတော့ Q ရဲ့ ကုသရေးစွမ်းအင်က အခြားသူတွေပေါ်ဘဲ ထိရောက်ပြီး၊ သူမကိုယ်တိုင်အတွက်တော့ အသုံးမဝင်ပေ။ ဒါက သူမစွမ်းအား၏ အားနည်းချက်ပင်။

ပုံရိပ်ယောင်တွေထဲ၌ သူမနဲ့ R နဲ့တူတူ၊ တိုက်ပွဲတစ်ခုကိုအောင်နိုင်ပြီးသွားခဲ့တဲ့အချိန်တုန်းက မိုးရေထဲမှာ အတူအချိန်ဖြုန်းခဲ့တာလေး တွေလည်းပေါ်လာခဲ့တယ်။ သူမတို့နှစ်ယောက်က အတူတူ ပျော်ရွှင်ရယ်မောခဲ့တဲ့ အချိန်တွေဘဲရှိခဲ့တယ်။ သူမတို့က စိတ်သဘောထား တူညီတဲ့သူတွေ ဖြစ်သည့်အလျောက်၊ တစ်ယောက်ကိုတစ်ယောက်နားလည်ပေမယ့် ဖွင့်မပြောခဲ့ကြဘူး။ သူမတို့ နှစ်ယောက်အတူတူ ဝမ်းနည်းစရာတွေပြောပြီး ငိုခဲ့တဲ့အချိန်တွေဆိုတာ လုံးဝမရှိခဲ့ပေ။

Q က ထို ပုံရိပ်လေးတွေအား ဖမ်းဆုပ်လိုက်ရင်း၊ သွေးတစ်ပွက်အန်လိုက်ပြန်သည်။ ထို အချိန် သူမအနားကိုပြေးလာနေတဲ့ ခြေလှမ်းသံတွေကြားလိုက်ရတယ်။ သူမသာ မမှားဘူးဆိုရင် ထိုခြေလှမ်းသံတွေရဲ့ပိုင်ရှင်က R ဘဲဖြစ်နိုင်တယ်။

Lavero Where stories live. Discover now