တစ်သန်းမှာမှ တစ်ယောက်ပဲ

597 38 38
                                    

Note- ficလေးက Author -Melanieရေးတဲ့ Drarry Love bookဆိုတဲ့ Oneshot collection ထဲက တစ်ပုဒ်ပါ။

(Unicode)

"ကောင်းလိုက်တာ၊ ဒါ အတော်လေးအဆင်ပြေနေပြီ။ ငါ နင့်ကို ပုံတစ်ရာကျော်တောင် ရိုက်ပေးမိလာတာပဲ"

ပင်စီက ငြီးတွားရင်း ပုံတွေရှိသည့် သူ့ဖုန်းအား စုံချည်ဆန်ချည် ပွတ်နေသည်။

"ပုံတိုင်းက မိုက်နေတာပဲ။ ဒါလေးဆို အမိုက်စားပဲ၊ ဒါလေးက ရှုထောင့်မိုက်တယ်။ အင်း၊ ဒါလေးကလဲ ကောင်းတယ် ဘာလို့ဆို ငါရိုက်ပေးလို့လေ"

"ပါးစပ်ပိတ်ထားလိုက်တော့"

ဒရေကို မျက်လုံးထောင့်ကပ်ကာ တစ်ချက်ဟောက်လိုက်သည်။

"အဲ့ပုံတွေ ငါ့ဆီပို့ပေးတော့"

သူ့ဖုန်းအား ယူလိုက်ပြီး အဲဒရော့ မုဒ် (Air Drop Mode)အား ဖွင့်လိုက်သည်။

သူတို့က ကော်ဖီဆိုင် ကောင်းကောင်းလေးမှာ ထိုင်နေကြပြီး ပင်စီက ဆယ့်ငါးမိနစ်လောက် ဒရေကိုကို ပုံရိုက်ပေးခဲ့သည်။

"ဘာနဲ့ ပို့ပေးရမှာလဲ၊ အဲဒရော့နဲ့လား"

"အင်း၊ အဲ့တာက ပိုမြန်တယ်"

သူခေါင်းငြိမ့်ပြလိုက်သည်။

"ပြီးရော၊ နင့်ဖုန်းက ဘယ်ဟာ-...အိုး သေလိုက်ပါတော့"

ပင်စီက အော်လိုက်ပြီး

"အိုး မဟုတ်ဘူးလေ၊ အိုး မရဘူးလေ၊ အိုး အိုး ဘုရားကယ်ပါ ၊ မဟုတ်ဘူးလေ"

"ဘာ ဘာဖြစ်တာလဲ"

ဒရေကို ထိတ်ထိတ်လန့်လန့်နဲ့ သူမကိုပြောပြီးတော့ သူမနားတိုးသွားလိုက်သည်။

" ငါ..ငါလုပ်လိုက်မိတယ်-"

"နင် ဘာလုပ်လိုက်မိတာလဲ"

ဒရေကို ကြောက်လန့်တကြားမျက်လုံးတွေနဲ့ ကြည့်လိုက်တော့ ပင်စီက သူ့ကော်ဖီခွက်အား ယူသောက်လိုက်ရင်း တုန်တုန်ရီရီနဲ့ပြောလာသည်။

"ငါ နင့်ပုံ ၁၃၇ပုံကို အိတ်ချ်ဂျေပီ (HJP) ဆိုတဲ့ နာမည်ပိုင်ရှင်ဆီကို ပို့လိုက်မိတယ်"

"နင် ဘာလုပ်လိုက်တယ် !"

သူ မတ်တပ်ထရကာ အော်ပြောလိုက်မိသည်။ ပြီးတော့မှ တချို့လူတွေက သူ့ကို ကြည့်နေမြန်း သတိထားမိသည်။ ဒရေကို ပါးနှစ်ဖက်ရဲစွာ ရှက်ရှက်နဲ့ ချက်ချင်းထိုင်ချလိုက်သည်။

🎉 You've finished reading One In a Million/ တစ်သန်းမှာမှ တစ်ယောက်ပဲ (Myanmar Translation ) 🎉
One In a Million/ တစ်သန်းမှာမှ တစ်ယောက်ပဲ (Myanmar Translation )Where stories live. Discover now