အပိုင်း ၆၀

3.2K 417 2
                                    


Unicode

ရှိုက်သံတွေတောင် ကြားလိုက်ရသေးသည်။
  
နတ်ဆိုးများ၏ စူးရှလှသောအော်ဟစ်သံက ကျောက်စိမ်းပြားကို ဖြတ်လျက် ဝင်ရောက်သွားချိန်မှာတော့ စန်းဘုရင်မှာ မယုံကြည်လို့ မရတော့ပါပေ။
  
"ယုံးဝူမင့်"

စန်းယွမ်ယွမ်က ခေါ်လိုက်သည်။
  
သူက သူမအနောက်ကနေ ကိုယ်ဖော့ပျံလာသည်။ အမူအရာကတော့ အရင်အတိုင်း အမူအရာမဲ့နေလျက်။
  
"ရှင်ပြောတော့ ဦးရီးတော်နဲ့ ကျွန်မ ဝမ်းကွဲအစ်ကိုတော်တွေက ဟန်ရှောင်လင်ရဲ့ လူတွေဆို။ "

စန်းယွမ်ယွမ်က မေးလိုက်သည်။

"ဒါပေမဲ့ သူတို့က ဘာလို့ သူ့ကိုသတ်ချင်နေရတာတုန်း"
  
ယုံးဝူမင့်က အပြစ်ကင်းစင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြကာ ပခုံးတွန့်သည်။

"မင်းက ကိုယ့်လာမေးတော့ ကိုယ်က ဘယ်သူ့သွားမေးရမှာလဲ"
  
သူက လက်ကိုမြှောက်ကာ လက်ညိုးဖြင့် သူ့ခေါင်းဘေးသူ ထိုးပြလိုက်ရင်း

"မဟုတ်မှလွဲ သူတို့ရဲ့ ဒီနေရာက ချောင်နေတာများလား"
  
ဤကိစ္စကို ပစိပစပ်များနေရမည့် အချိန်မဟုတ်မှန်း စန်းယွမ်ယွမ်လည်း သိသည်။ သူမက အသက်တစ်ချက်ရှုရင်း ဆိုလိုက်သည်။

"အကာကွယ်စည်းကို ချုံ့ထားလိုက်ပါ။ တစ်ရက်ခွဲလောက်ဆို ကျွန်မခမည်းတော်က ကူညီပေးဖို့ သေချာပေါက် ရောက်လာမှာပါ"
  
စန်းနယ်စပ်ကနေ ဟန်ပြည်နယ်၏ အနောက်ပိုင်းနယ်စပ်အထိ အမြန်ဆုံးနှုန်းဖြင့် ချီတက်လာပါက တစ်ရက်ခွဲလောက်သာ ကြာပေသည်။
  
"ပိုးစားပင်လေး"

ယုံးဝူမင့်မျက်နှာပေါ်က အပြုံးတုက မှိန်ဖျော့လာလျက်။

"ဘာကိစ္စနဲ့များကိုယ့်ခေါင်းကို မင်းလက်ထဲ ထည့်ပေးရမှာတဲ့တုန်း"
  
တစ်ခြားတစ်ဖက်မှာတော့ ဟန်ရှောင်လင်၏ တပ်ဖွဲ့က လှုပ်ရှားနေကြပြီ ဖြစ်သည်။ သူတို့က မြောက်ဘက်သို့ ဖြည်းဖြည်းချင်းစီ ရွှေ့သွားကာ လီတစ်ရာမျှ ဝေးသည့် မြောက်ဘက်ဂိတ်တံခါးကနေ ဝင်ရောက်ဖို့ ရည်ရွယ်ထားကြလေသည်။
  
နတ်ဆိုး အုပ်လိုက်ကြီးကြားမှာ စစ်သည်တော်များမှာ နွံအိုင်ထဲနစ်နေသည့်အလား ရုန်းကန်နေကြရသည်။
  
တစ်ခြားတစ်နေရာသို့ ချီတက်ခြင်းက ကြီးမားလှသော အားနည်းချက်များကို ထုတ်ဖော်သလို ဖြစ်စေသည်။ မျက်စိတမှိတ်အတွင်းမှာ မရေတွက်နိုင်သော စစ်သည်တော်များဟာ နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံရလေတော့သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin