[U]
“ မင်းဂျောင်ဂုနဲ့ရန်ဖြစ်ထားတာလား ”
စာလုပ်နေရင်းထယ်ယောဆီက အသံထွက်လာတော့
ထယ်ယောင်း ကိုယ်လေးတောင့်တင်းသွားသည်။
ဟိုနေ့ကရေကူးကန်မှာဂျောင်ဂုကိုနမ်းမိလိုက်တဲ့နေ့က
တည်းက ဂျောင်ဂုကသူ့ကိုသိသိသာသာရှောင်နေတာ
၃/၄ရက်လောက်ရှိတော့မယ်။သူဂျောင်ဂုကိုဖုန်းတွေခေါ်စာတွေပို့ပေမယ့်လည်း
အဖတ်မလုပ်တော့ စိတ်ဓာတ်တွေတောင်ကျလာသည်။
တစ်ကယ်ဘဲသူ့ကိုမခေါ်တော့ဘူးလာဆိုကာစိတ်ကင်ဆာ
ရနေတာ အခုချိန်ထိဖြစ်သည်။“ သူ... ”
ထိုနေရာတွင်ရပ်သွားသောထယ်ယောင်းစကား
ကြောင့်ထယ်ယောလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
ကျော်ပေးထားသောထယ်ယောင်းကိုလဗည့်ကြည့်
လိုက်မိသည်။“ သူ... ရည်းစားရသွားလို့လား! ”
“ မဟုတ်ပါဘူးကွာ... သူလားရည်းစားရမှာ
ငါနမ်းတာလေးတောင်ရှက်ပြီးအခုငါ့ကိုမခေါ်တော့တာ ”“ ဘယ်လို! ”
ထယ်ယောင်း၏စကားကြောင်ထယ်ယောမှာအံ့ဩ
ခြင်းများစွာနှင့် ချက်ချင်းဘဲခုံဆွဲပြီးထယ်ယောင်းဘေး
နှာဝင်ထိုင်လိုက်သည်။“ ဟုတ်တယ်... ရေကူးကန်မှာတုန်းက ဖြစ်တာ
ငါကရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး... ဒီတိုင်း
မတော်တဆဖြစ်တာကို သူကမခေါ်တော့တာ”“ အဲ့ဒါကိုမင်းကပြန်မရှင်းပြဘူးလား ”
" သူကရှောင်နေတာကိုငါဘယ်လိုရှင်းရမလဲ ”
“ သူကရှောင်တိုင်းမင်းကပါ လက်လျော့နေတော့
ပိုဝေးကုန်မှာပေါ့ကွာ ... တစ်ကယ်တော့ဂျောင်ဂုက
ကိစ္စတစ်ခုခုကိုအကြားကြီးစိတ်ထဲမထားတတ်တာ
သိနေတာဘဲ "စိတ်ပျက်လက်ပျက်နှင့်အကြောင်းစုံရှင်းပြနေသော
ထယ်ယောင်းကိုကြည့်ကာ ထယ်ယောပါစိတ်ညစ်
သွားသည်။လည်မလိုလိုနှင့်ထယ်ယောင်းကသိပ်အ
မှန်းသူအခုမှသိတော့တယ်။“ ငါပြောမယ်... ဂျောင်ဂုကအပျော်အပါးနည်းနည်း
မက်တယ်မဟုတ်လား ”“ အင်း... ”
“ ဆိုတော့ မနက်ဖြန်မင်းကသူ့ကိုကျောင်းပြေးဖို့
ခေါ်ပြီး ရုပ်ရှင်သွားကြည့်ကြ... ပြီးရင်တစ်နေကုန်
လျှောက်လည်ပြီး သူစိတ်ကြည်နေပြီဆိုသူ့ကိုရှင်းပြပြီး
တောင်းပန်လိုက်ပေါ့ ”
YOU ARE READING
𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-
Fanfiction" ငါတို့မချစ်ကြရအောင်... " " အသွားပြန်မရှိတဲ့ရူးနှမ်းမှုက ချစ်ခြင်း မေတ္တာဆိုတာ ကိုယ်ယုံအောင်မင်းက သက်သေပြသွားပြီဘဲ " 𝐊𝐓𝐇 𝐚𝐧𝐝 𝐉𝐉𝐊 .