For Unicode
ထင်ထားတာထက် အေးစက်နေတဲ့အခြေအနေ။သို့သော် ဂျောင်ကုမျက်နှာပေါ်က တင်းမာမှုတွေ အနည်းငယ်လျော့နည်းသွားသည်ကို အကဲခတ်မိတော့ ထယ်ယောင်းအသက်ရှူချောင်ရသည်။
"ဆင်း..."
မြေအောက်ထပ်က ကားပါကင်မှာကားရပ်ပြီးနောက် နှစ်ဦးသား ကားထဲမှထွက်လာခဲ့သည်။ဂျောင်ကုမျက်နှာကတော့ ခပ်တင်းတင်းသာ။
"ပေး...လက်"
ဂျောင်ကုက လက်ဖြန့်လျှက် ထယ်ယောင်းလက်ကိုတောင်းတော့ ထယ်ယောင်းပြန်လည်ကာဆုပ်ကိုင်လိုက်မိသည်။
နွေးထွေးနေဆဲဖြစ်သည့်ဒီလက်ဖဝါးဟာ သူ့ကို အမြဲဆုပ်ကိုင်ရင်း လိုအပ်သည့် အနွေးဓါတ်အား ဝေငှလေ့ရှိသည်။တိုက်ခန်းတံခါးဖွင့်နေသည်အထိ ဂျောင်ကုက ထယ်ယောင်းလက်ကိုအလွတ်မပေး။တစ်ချက်ချက် စူးစူးဝါးဝါးပင်ကြည့်တတ်သေး၏။
တိုက်ခန်းထဲရောက်တော့လည်း အိပ်ခန်းဆီကိုသာ ဦးတည်၍လျှောက်လာခဲ့သည်။
ထယ်ယောင်းလက်ဖျားတွေ အေးစက်လာခဲ့သည်။ဂျောင်ကု ဒေါသတွေနဲ့ သူ့ကိုထပ်ပြီးတစ်ခုခုလုပ်တော့မှာလား။ချလောက်...
တံခါးလော့ချသံက တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်မှာ ခပ်ကျယ်ကျယ်ထွက်လာသည်။
"ဘာ...ဘာလို့ပိတ်တာလဲ ဂျောင်ကု...ဘယ်သူမှလဲမရှိဘဲ"
ဂျောင်ကုဟာ မဲ့ပြုံးပြုံးသည်။တလှမ်းချင်းတိုးကပ်လာတဲ့ ခြေလှမ်းတွေကြောင့် ထယ်ယောင်း နောက်သို့ တရွေ့ရွေ့ဆုပ်လိုက်မိသည်။ဂျောင်ကုကတော့ ထိုအပြုံးတွေနဲ့ ရှေ့ဆက်နေဆဲ။
ဝုန်း...
ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားမှုကြောင့် ထယ်ယောင်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လိုက်။
ကြမ်းတမ်းစွာ ဆောင့်တွန်းလိုက်သည့် ဂျောင်ကုအား အထိတ်ထိတ်အလန့်လန့်ကြည့်မိလိုက်သော်လည်း နာကျင်မှုတစ်စုံတစ်ရာကိုမခံစားရသောအခါ အံံဩမိသည်။ဂျောင်ကုကသူ့ကို တွန်းချခဲ့သည်။သို့သော် ကြမ်းပြင်ပေါ်သို့မဟုတ်။တစ်တောင်နီးပါးမြင့်တဲ့ မွေ့ယာကြီးပေါ်ကိုသာ။
YOU ARE READING
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Fanfictionသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023