"အကို" အကို့ကိုစတွေ့တော့ဆေးရုံကြီးအပြင်ရဲ့တစ်နေရာခုံတန်းလေးပေါ်မှာဆေးရုံဝတ်စုံလေးနဲ့ထိုင်နေပုံလေးက ကျွန်တော့်အတွက်တော့သိပ်ကိုလှလှပပရယ်......။
" ဟို ဒီကအကို မင်ဂလာပါဗျ"
နှုတ်ဆက်တာကိုတစ်ချက်သာမော့ကြည့်ပြီး
ရှေ့က မေပယ်သစ်ပင်ကြီးကိုတွေတွေလေးငေးနေပြန်သည်။အကိုကချေလိုက်တာ......။
"ကျွန်တော့်နာမည်ကကင်မ်ထယ်ယောင်းပါ
အကို့နာမည်ကရောဟင်""ဂျောင်ဟိုဆော့."
"အာ နာမည်လေးကလှလှလေး...
လူလေးရောဘဲ ဟီးး"ထိုသို့ပြောတော့ အကိုကကျွန်တော့်ကိုသူ့မျက်ဝန်းညိုညိုများဖြင့်စိုက်ကြည့်ပြီး အလိုမကျဟန်မျက်ခုံးများတွန့်ကွေးသွားလေသည်။
အကိုကစိတ်ကြီးလိုက်တာ..။
"ထိုင်လေ"
အကို့ထံမှလာသောစကား။"ဟုတ် အကိုကဒီကိုရောက်တာကြာပြီလား
ဘယ်နေရာနေမကောင်းဖြစ်လို့လဲ""မင်းသိပ်လျှာရှည်တာဘဲ ပြီးတော့စကားအရမ်းများတယ်"
"ဗျာ အဲ ဟုတ်တယ်ကျွန်တော်ကသူငယ်ချင်းတွေထဲမှာအချောဆုံးနဲ့အသွက်ဆုံးလေ ဟဲဟဲ"
"အင်း.."
"ခင်ကြမလားအကို"
"အင်း"
"အကိုကဘယ်အထပ်ရဲ့ ဘယ်အခန်းမှာနေတာလဲ ကျွန်တော်လာလည်ချင်လို့"
"မင်းကဘာကြောင့် ဒီကိုရောက်လာတာလဲ"
မေးတာကိုမဖြေပါဘဲ မေးခွန်းပြန်မေးနေသောအကိုရယ်ပါ...။
"ကျွန်တော်က နှလုံးရောဂါလေ ခွဲစိတ်ရင်အသက်ရှင်မယ်ပြောတယ် ကျွန်တော်တော့မထင်ပါဘူးဗျာ အခုထိအလှူရှင်တောင်ရှာတွေ့သေးတာမဟုတ်ဘူး"
" အရမ်းကြီးစိတ်ဓာတ်မကျပါနဲ့
ငါတို့ဘဝတွေမှာတစ်ခါတစ်လေ မမျှော်လင့်ထားတာမျိုးတွေဖြစ်လာတတ်တယ်
အဲ့ဒီအရာတွေကကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေပေါ့""အာ ငါစကားတွေအများကြီးပြောမိသွားတာဘဲ "
"ဗျာ....မဟုတ်"