EP.3

6.2K 287 3
                                    

[Zawgyi]
🚨EP.3

(အဟမ်း..Warning မဆိုစလောက်လေးပါမယ်နော်  အရိုင်းဆန်ဆန်🌚🌚🌚)

မင်းဆက်သွင်နဲ့အတူ အခန်းထဲမှာ ရုပ်ရှင်
ကြည့်ရင်း ကျွန်တော် အိပ်ပျော်သွားခဲ့လေသည်။ တစ်ရေးနိုးလာတော့ ကျွန်တော် ဗိုက်တွေအရမ်းဆာနေခဲ့သည်။

ဆာဆို ညနေက ကျောင်းမှာ ဈေးအပေါဆုံး ပေါင်မုန့်တစ်လုံးကိုဘဲ စားခဲ့ရတာဖြစ်သည်။

ဘယ်လိုလုပ်ရပါ့ ။ မင်းဆက်သွင်ကို လှုပ်နှိုးကြည့်ပါသော်လည်း ထိုသူက နိုးဖို့နေနေသာ တုတ်တုတ်မျှပင် မလှုပ် ။

ကျွန်တော် စိတ်ပျက်စွာ သက်ပြင်းတစ်ချက်ကို ချရင်း အောက်ထပ်မှာ ရှိတဲ့ မီးဖိုချောင်ထဲမှ အရဲစွန့်ပြီး စားစရာတစ်ခုခုကို သွားရှာဖို့ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ကျွန်တော် အသာတိတ်တိတ်လေး သူခိုးတစ်ယောက်လို ခြေသံကို ဖော့ဖော့နင်းရင်း မြတ်သောမောင်အခန်းရှေ့ကနေ ဖြတ်လျှောက်လာခဲ့သည်။

မီးဖိုချောင်ထဲကို ရောက်တော့မှဘဲ အသက်ကို ရဲရဲရှုရဲတော့သည်။

ကျွန်တော် ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်ပြီး အထဲမှာ စားစရာတချို့ကို လိုက်လံရှာဖွေလိုက်သည်။

ကျွန်တော်တွေ့သည်က အသင့်သောက်နွားနို့ဘူးများနှင့် ကွက်ကီး ထုတ်များကိုသာ..။ ကျွန်တော် ထွေထွေထူးထူး တွေးမနေတော့ဘဲ နွားနို့တစ်ဘူးနဲ့ ကွက်ကီးတစ်ထုပ်ကို ယူလိုက်တော့သည်။

အလွန်ဆာလောင်နေသောကြောင့် ထိုနေရာမှာဘဲ ကွက်ကီးထုပ်ကိုဖောက်ပြီး အငမ်းမရစားသုံးလိုက်၏။

ကွက်ကီး များကို ဝါးရင်း နွားနို့ကိုလဲ သောက်ဖို့ရန် မမေ့..။

ထိုအချိန် အနောက်ကနေ ကျွန်တော်ရဲ့ လက်မောင်းကို တစ်စုံတစ်ယောက်၏ ဖမ်းကိုင်လိုက်ခြင်းကိုခံလိုက်ရလေသည်။

""စားရတာ အရသာရှိလား..""

ထိုသူမှာ သေချာပေါက်ကို မြတ်သောမောင်ပင် ဖြစ်သည်။

ကျွန်တော် အရမ်းကို ကြောက်လန့်သွားပြီး တစ်ကိုယ်လုံးပင်တုန်ယင်နေခဲ့လေသည်။

🚨တစ်ခါတုန်းကကျောင်းတော်🚨21+Dove le storie prendono vita. Scoprilo ora