EP.4

5.3K 287 13
                                    

[Zawgyi]
❤️Ep.4❤️

နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်တော် အတော်လေးကို စိတ်မသက်မသာဖြစ်နေခဲ့ရတယ်။

ဘာဖြစ်လို့လဲဆိုတော့..မနက်စာ ထမင်းဝိုင်းမှာ မြတ်သောမောင်ရယ် မင်းဆက်သွင်ရယ် ကျွန်တော်ရယ် သုံးယောက်တည်း ထိုင်နေရသည်။

မင်းဆက်သွင်ရဲ့ မိဘများက ခရီးထွက်နေတာမို့ အိမ်မှာ မရှိတာ ကြာပြီဖြစ်သည်။
အိမ်အကူအဒေါ်ကြီးတစ်ဦးနဲ့ တခြား အလုပ်သမား ၅ဦးရှိသော်လည်း ထိုသူများသည် ခြံထဲမှာသာ ‌အနေများကြလေသည်။

အိမ်အကူအဒေါ်ကြီးတောင်မှာ မင်းဆက်သွင် တို့ စားဖို့ရန်အတွက် ချက်ပြုတ်ပြင်ဆင်ပြီးတာနဲ့ သူနေထိုင်ရာ အခန်းဆီသို့  ပြန်သွားခဲ့ပြီဖြစ်သည်။

ထမင်းစားခန်းထဲမှာ ကျွန်တော်တို့သုံးယောက်ကလွဲပြီး ဘယ်သူမှမရှိ..။

""မြတ်သောမောင်..မင်း ၀င့်ထည်ကို စိုက်ကြည့်မနေနဲ့..သူလန့်သွားလိမ့်မယ်..""

ဟု မင်းဆက်သွင်က ထပြီးအော်သည်။
မြတ်သောမောင်က မေးရိုးများ ထောင်သွားအောင်ထိ အံကိုကြိတ်ရင်း..

""ငါ သူ့ကို စိုက်ကြည့်နေတာ မဟုတ်ဘူး..သူကသာ ငါ့မျက်စိရှေ့မှာ လာထိုင်နေတာ..အရူးရဲ့..""

မြတ်သောမောင်က ဒေါသတကြီး ပြန်ဖြေရင်း သူ့ပန်းကန်ထဲက ခေါက်ဆွဲတွေကို တူနဲ့ ခပ်ကြမ်းကြမ်းမွှေနှောက်နေခဲ့သည်။

ဘာရယ်မသိ သူ၏အဖြေစကားကြောင့် ကျွန်တော် ခပ်တိုးတိုးလေး ရယ်လိုက်မိသည်။

""မင်းက..ဘာရယ်တာလဲ..""

မြတ်သောမောင်က ဂြိုလ်ကြည့် ကြည့်ရင်း မေးလာတာမို့..ကျွန်တော် ခေါင်းရမ်းပြရင်း..

""မ..မ..မရယ်ပါဘူး.."

ဟုပြန်ဖြေရင်း ကိုယ့်ခေါက်ဆွဲပန်းကန်ဆီကိုသာ အကြည့်တွေပို့ရင်း စားနေလိုက်တော့သည်။

နောက်တော့ မြတ်သောမောင်ဆီကို
အသာမျက်လုံးလေးစွေပြီးကြည့်လိုက်မိသည်။

""မင်းဆက်သွင် ပြောတာ မှန်နေတာဘဲ..
သူက ငါ့ကိုစိုက်ကြည့်နေတာဘဲ..""

🚨တစ်ခါတုန်းကကျောင်းတော်🚨21+Место, где живут истории. Откройте их для себя