[Zawgyi]
❤️Ep.5❤️ရေစိုနေတဲ့ အင်္ကျီကို ကိုင်ထားရင်း ကျွန်တော်နံရံကို မှီလိုက်တယ်။ အခု ငါ ဘာလုပ်ရမလဲ..။ ငါမှာ ၀တ်စရာ အင်္ကျီမရှိတော့ဘူး..။
ကျွန်တော် ဘာဆက်လုပ်ရမလဲ..။ဒီအတိုင်း ဘဲထွက်သွားလိုက်ရမလား..။ ကျွန်တော် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
မုန်းမိသည်။ ကျွန်တော်ကို အနိုင်ကျင့်နေတဲ့သူတွေကို..။ ကျွန်တော် ဘာအမှားတွေကိုများ လုပ်ခဲ့မိလို့ သူတို့တွေ ကျွန်တော်ကို
မုန်းတီးနေရတာလဲ..။ဆင်းရဲတာက အမှားတစ်ခုလား..။ ချို့တဲ့ပြီး အားနည်းလွန်းတာကရော အမှားတစ်ခုဘဲလား..။ နောက်ပြီး ချမ်းသာတဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ အကာကွယ်တွေ.အကူညီတွေ ယူမိတာကရော အမှားတစ်ခုဘဲလား..။
အရာရာပြည့်စုံလွန်းနေတဲ့ မင်းဆက်သွင်အပေါ်မှာ အားကိုးနေခဲ့မိတာ ကျွန်တော် အမှားဘဲလား..။
ကျွန်တော်ဟာ တကယ်ဘဲ မင်းဆက်သွင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်ဖို့အတွက် တကယ်ဘဲ မထိုက်တန်တာများလား...။
ကျွန်တော် အတွေးတွေနဲ့ ဗျာများနေတုန်း ရေချိုးခန်းထဲကို တစ်ယောက်ယောက် က ၀င်လာခဲ့သည်။
ထိုသူက မြတ်သောမောင်..။ သူက ကျွန်တော် ရေချိုးခန်းရဲ့ထောင့်နားမှာ ရပ်နေတာကို သတိမထားမိဘူး ထင်သည်။
မြတ်သောမောင်က ဘေစင်ရှိရာစီ လျှောက်သွားပြီး သူ့ရဲ့မျက်နှာကို သစ်နေခဲ့သည်။ ကျွန်တော်ကတော့ ကြောင်အန်းစွာနဲ့ နေရာမှာတင် ရပ်နေဆဲ..။
,နောက်တော့ မြတ်သောမောင်က မှန်ထဲကနေ တစ်ဆင့် ကျွန်တော်ကို မြင်သွားခဲ့သည်။
သူက အံ့ဩတကြီးနဲ့ ကျွန်တော်ကို လှည့်ကြည့်လာသည်။
သူရဲ့မျက်လုံးတွေက ကျွန်တော်ရဲ့ ခန္ဓာကိုယ် အပေါ်နဲ့ အောက်ကို ရွေ့လျားနေခဲ့သည်။ ချက်ချင်းဆိုသလို သူ့ရဲ့ မျက်နှာက နီရဲလာခဲ့သည်။
နောက်တော့ သူချက်ချင်း အကြည့်တွေကို လွဲလိုက်ပြီး အနောက်ကို ပြန်လှည့်သွားခဲ့လေသည်။
CZYTASZ
🚨တစ်ခါတုန်းကကျောင်းတော်🚨21+
Romansအမြဲအနိုင်ကျင့်ခံနေရတဲ့ေကာင်လေးရယ် အမြဲတမ်း ဗိုလ်ကျပြီး အနိုင်ကျင့်တတ်ကောင်လေးရယ် သူတို့ နှစ်ဦးကြားမှာ ပေါက်ဖွားလာတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။