အပိုင်း၆(Unicode)

205 5 0
                                    

ညတုန်းက နက်နဲ့အတူတူအိမ်ပြန်နောက်ကျသည့်အပြင် အိပ်တဲ့အချိန်ပါနောက်ကျသောကြောင့် လွမ်းတစ်ယောက်အိပ်ချင်သော်လည်း ဆက်အိပ်မရဘဲဖြစ်နေ၍ ရေမိုးချိုးပြီး အောက်ထပ်မနက်စာစားရန် ဆင်းလာခဲ့တော့သည်။

"Morning ဒယ်ဒီနဲ့မာမီ"

"Morning သားငယ်"

ဒယ်ဒီနဲ့မာမီကိုနှုတ်ဆက်ပြီး မနက်စာစားဖို့ ဝင်ထိုင်လိုက်တော့ မာမီကနေ မနက်စာကို လွမ်းရဲ့အရှေ့ကို လာချပေးလေ၏။

"သားအကြိုက်သိတဲ့ မာမီက အကောင်းဆုံး"

မာမီရဲ့လက်ရာဖြစ်တဲ့နန်းသေးမျှင်အသုပ်ကို လွမ်း အကြိုက်ဆုံးပင်ဖြစ်သည်။လွမ်းကြိုက်တတ်တဲ့မြန်မာ့ရိုးရာအစားအစာဖြစ်သောကြောင့် မာမီက မကြာခနဆိုသလို ချက်ပြုတ်ကျွေးတတ်၏။

"သားငယ်ကြိုက်တတ်တဲ့မနက်စာကို များများစားနော်"

"ဟုတ် မာမီ"

လွမ်းတစ်ယောက်ကတော့ အပီအပြင်ဖြင့် မနက်စာကို စားနေတုန်း ဒယ်ဒီက မနေ့ည နက်နဲ့လိုက်သွားတဲ့အကြောင်းမေးလာခဲ့သည်။

"သား မနေ့က သားနက်နဲ့လိုက်သွားတော့ အတွေ့အကြုံအသစ်ရခဲ့ရဲ့လား"

ခွန်းသက္ကရာဇ်ဈာန်လူဆိုးကောင်အကြောင်းပါလာသော မနေ့ညက Club သွားပြီး အအေးသောက်ပြန်လာရတဲ့ကိစ္စပြန်အမှတ်ရလာတော့ မျက်နှာလေးက မသိမသာစူပုတ်သွားသော လွမ်းကြောင့် ဦးကောင်းထက်တစ်ယောက် တစ်ခုခုကို သိသလို ရီမိလိုက်သည့်အပြင် လွမ်းရဲ့မာမီ ဒေါ်ခင်ရတနာကလည်း ပြုံးစိစိဖြစ်လာသည်။ဒီကလေး၂ယောက်က ငယ်သူငယ်ချင်းတွေလိုဖြစ်သည့်အပြင် သူ့နဲ့နက် တို့ကြားက သံယောဇဉ်ကို ကောင်းကောင်းနားလည်ကြလေ၏။

"ဒယ်ဒီနဲ့မာမီနော် သားကိုကြည့်ပြီး ဘာလို့ ရီနေရတာလဲ"

"သားခွန်းက မနေ့က Club ခေါ်သွားပြီးတော့ အရက်တွေဘာတွေတိုက်တာလား သားငယ်"

ကြိုသိနေတဲ့အဖြေကို ပြုံးစိစိဖြင့် ထပ်မေးလာသော မာမီ။

"သူ့လား သားကို အရက်သောက်ခိုင်းမှတဲ့လား မာမီရဲ့သားခွန်းကလေ သားကို တကူးတကာ Club ခေါ်ပြီး အအေးထိုင်သောက်ခိုင်းတာ"

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ