Chapter 23

331 19 2
                                    

"ကောင်းကင်ကြီးကအရမ်းလှပပြီး စိတ်ကူးကြည့်လို့တောင်မရဖူးဆိုတာ သိပေမဲ့

အဲ့မှာသူမ ရှိနေရဲ့လားလို့သံသယဖြစ်မိတယ်"

အီယူ့ရဲ့ဘဝတလျှောက်လုံးမှာ အီယူ့အတွက်အရေးပါတဲ့သူတွေကိုသာဆုံးရူံးရရင် ဘာဆက်လုပ်ရမလဲ‌ဆိုတာတခါမှ မစဉ်းစားခဲ့ဖူးပါ၊ အီယူက မေမေ မရှိတော့မဲ့အခိုက်အတံ့ကို တစက္ကန့်တောင် မတွေးကြည့်ခဲ့ပါ။

ကြီးမားသော တစုံတရာအတွက်အီယူကိုယ့်ကိုယ်ကို မပြင်ဆင်ခဲ့ဖူးပါ၊ အီယူကမေမေ့ကို တသတ်လုံး  အီယူ့နားမှာ ရှိစေချင်ခဲ့တာဖြစ်သည်။

အီယူကသူ့ရဲ့အောင်မြင်မူတိုင်းကို မေမေ့ကိုမြင်စေချင်သည်။မေမေ့ကို ဆုတ်ကိုင်ထားချင်ပြီး ဂရုစိုက်ပေးချင်ခဲ့သည်။

အီယူ မေမေနဲ့အတူတူ အရင်ကလိုပဲနေပြီး အရာအားလုံးကိုကောင်းမွန်အောင်ပြူလုပ်ချင်သည်။

မေမေ မရှိတဲ့အီယူ့ဘဝကို တခါလေးတောင်မတွေးကြည့်ဖူးခဲ့ပါ။

တခါတောင် မတွေးကြည့်ဖူးခဲ့တာပါ။

ဒီနေ့က အလုပ်ဖွင့်ရက်ဖြစ်ပြီး အားလုံးက ခွင့်ယူကာ ဆုတောင်း တွေကိုထိုင်ပြီးနားထောင်ကြပြီး အနက်ရောင်နှင့် အဖြူရောင် ဆင်ယင်ထားသည့် မိသားစုရဲ့ချစ်ရသော အမျိူးသမီးရဲ့ဓာတ်ပုံကိုကြည့်နေကြသည်။

"မင်းတို့ မေမေ ဆုံးသွားတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်"

နှစ်သိမ့်သောစကားလုံးများကအီယူ့ရင်ဘတ်ထဲကနာကြင်မူကို မှေးမှိန်မသွားစေပါ။

အီယူ ကသူ့လက်နစ်ဖက်ကိုယှက်ထားပြီး အသုဘသို့လာရောက်ကြသော ဆွေမျိူး၊သူငယ်ချင်း၊ဦးလေး၊ အဒေါ်တွေကို ဦးညွတ်ပြီးနူတ်ဆက်နေသည်။

အီယူ ကအခန်းရဲ့အလယ်မှာ ရှိသော ရွှေရောင်ကွပ်အဖြူရောင် ခေါင်းတလားရှေ့တွင်ထိုင်နေသည်။ မေမေ မရှိတော့ခြင်းက ကမ္ဘာကြီး ကွဲအက်သွားသလိုခံစားရသည်။

ကိုယ်ချစ်ရတဲ့သူကိုဆုံးရူံးရခြင်းက နှလုံးသားတွေ စုတ်ပြဲသွားသလိုခံစားရသည်ဟုလူတွေကပြောကြသည်မှာ အမှန်ဖြစ်သည်။

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now