အိပ်ခန်းတစ်ခန်းလုံးကို အဖြူရောင်တွေ နဲ့သာ ခြယ်သထားပြီး အသုံးအဆောင် ပစ္စည်းတွေကအစ အဖြူရောင်ကိုသာ နှစ်သက်သည့် အသက်ဆယ်နှစ်အရွယ် မင်းသခင်ခက်ထန်က သူ့ ရဲ့ ဆံပင်ကိုပါ အဖြူရောင် ဆိုးချင် နေသည်။
ဆံပင်အဖြူရောင် ဆိုးချင်သည့် ရည်ရွယ်ချက်က လဲ အကြောင်းပြချက်ကောင်း တစ်ခုတော့ မဟုတ်။
မင်းသခင်ခက်ထန်ရဲ့ မွေးအမေဖြစ်တဲ့ မေရှားခက်ထန်တောင် သူ့အဖေ ရဲ့ လုပ်ငန်းတွေ အပြုအမူတွေကို စိတ်မဝင်စားဘဲ ခပ်ခွာခွာ နေခဲ့ပေမဲ့ မင်းသခင်ခက်ထန်ကတော့ သူ့ အဘိုးဖြစ်သူ ခက်ထန်မာဖီးယားဂိုဏ်းခေါင်းဆောင်ကြီး ဦးခက်ထန် ရဲ့ အပြုအမူ၊ အကျင့်စရိုက် ၊ လုပ်ငန်း လုပ်ပုံ အစရှိတာတွေ အကုန်လုံး ကို သဘောကျ နှစ်သက်သည်။
ယခုလဲ ဆံပင်အဖြူရောင် ဆိုးချင်သည့် ရည်ရွယ်ချက်က သူ့အဘိုး ဦးခက်ထန် ရဲ့ ခေါင်းမှာ အိုမင်းလာလို့ ထွက်ပေါ်လာသည့် ဆံပင်အဖြူရောင်တွေကို သဘောကျနှစ်သက်နေတာကြောင့် ဖြစ်သည်။
တစ်အိမ်လုံးရဲ့ ဖူးဖူးမှူတ် အလိုလိုက်ခြင်းကို ခံထားရသည့်အပြင် မျက်လုံးပြာပြာ မိုးပြာရင့်ရောင် မျက်လုံးလေးရဲ့ အကြည့်ဒဏ် ကို တစ်အိမ်လုံးက ခံနိုင်ရည် မရှိကြပေ။
အလိုရှိတဲ့အခါတိုင်း ခေါင်းလေး ငုံ့ပြီး ငိုချင်ယောင်ဆောင်လိုက်တာ နဲ့ တစ်မိသားစုလုံးက လက်မြှောက်အရှုံး ပေးရလောက်တဲ့ အထိကို အချစ်ခံရသည့် ကလေးလေးပင်။မင်းသခင်ခက်ထန်ဟာ အသက်ကသာ ငယ်သော်လည်း ဉာဏ်နီဉာဏ်နက်တို့က အပြည့်နဲ့ ဖြစ်သည်။
မေရှားခက်ထန်ကလဲ တစ်ဦးတည်းသော သမီး ဖြစ်သလို မေရှားခက်ထန်ရဲ့ ဇနီးဖြစ်သည့် အိမ့်မှူးသခင်နွယ်တို့ မိသားစု အတွက်ကလဲ နောက်ထပ် မျိုးဆက် ရဖို့ မသေချာတော့ပေ။
အိမ့်မှူးသခင်နွယ်ရဲ့ အမြွှာအကိုဖြစ်သူ မင်းသန့်ကိုကိုမောင်က ယောက်ျားယူသွားပြီး အိမ့်မှူးသခင်နွယ်ရဲ့ မောင်လေးဖြစ်သူမာန်ကတော့ ရာသက်ပန် သာသနာ့ဘောင် ဝင်သွားတာ ဖြစ်သည့်အတွက် နှစ်ဘက်မိသားစုတစ်ခုလုံးမှာ မင်းသခင်ခက်ထန်က တစ်ဦးတည်းသော မျိုးဆက်ဖြစ်သည့်အပြင် မိသားစုရဲ့အဖိုးတန်ရတနာလဲ ဖြစ်သည်။
ESTÁS LEYENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...