"ဘယ်ကမိမဆုံးမ ဖမဆုံးမလေးတွေလဲ? သူများအိမ်ရှေ့မှာဘောလုံးလဲလာကန်သေးတယ် ပါးစပ်ကလဲဆဲဆိုနေကြတာ သွား တခြားနေရာသွားကန်ကြ"
ဒီအန်တီကြီးကို မှီငြိမ်းပြီးမှ ပုံပြင်တွေထဲမှာပါနေကြ အင်မတန်မှအကျင့်ပုတ်သလို အရုပ်လဲဆိုးတဲ့စုန်းမကြီးတွေဖြစ်လာတာနေမှာလို့တွေးရင်း ခြေကိုခပ်ဆောင့်ဆောင့်နင်းကာ ချာကနဲလှည့်ထွက်ခဲ့လိုက်တယ်။
"ရဲဘော်တို့! နောက်လမ်းကိုချီ...တက်!" ဆိုပြီး အမိန့်ပေးလိုက်တော့ သူ့ရင်ညွှန့်လောက်ပဲရှိတဲ့ကလေးတွေက သံပြိုင်အကြောင်းပြန်လာကြတယ်။
"ဟုတ် ကိုကြီးတိမ်စိုင်!" Squadတောင့်တယ်ပဲ ဆိုရမှာပေါ့နော်။
"ငါက ဂိုးပေါက်စောင့်မယ် မင်းတို့ကောင်တွေကန်ကြ, ကောင်းကောင်းကန်နော် ဒီမှာပါထပ်အော်ခံရရင် ငါမဆော့ပေးတော့ဘူး"
"ကိုကြီးတိမ်စိုင်ကလဲ...."
ခဏကြာတော့ ဝုန်း ဆိုတဲ့အသံနဲ့အတူ ကလေးတွေကန်နေတဲ့ ဘောလုံးကလဲ သူတို့ဆီမှာမရှိတော့။
"မင်းတို့ကောင်တွေကို ငါပြောတယ်, ကောင်းကောင်းမွန်မွန်ကန်လို့ ခုတော့ ဘောလုံးက သူများခေါင်မိုးထိကုန်ပြီ" အမှန်ကတော့ ထိရုံတင်မက ခြံထဲကိုပါရောက်သွားတာ။
Ding dong! Ding dong!
"ဗျို့ အိမ်ရှင်တို့!! ကျွန်တော်တို့ကန်လိုက်တဲ့ ဘောလုံးလေးတောင်းချင်လို့ပါ"
Ding dong! Ding dong!
Bellကို အဆက်မပြတ်နှိပ်နေတာတောင် အထဲကဘယ်သူမှထွက်မလာပြန်ဘူး။
"အိမ်ပျက်ကြီးထဲကျသွားတာလားမသိဘူး ငါ့ကောင်တွေရေ ပြန်ယူလို့မရခဲ့ရင် အသစ်ထပ်ဝယ်ရမှာ ငါ့မှာမုန့်ဖိုးမရှိတော့ဘူးနော်"
မင်းထက်တစ်ယောက် လုပ်စရာအလုပ်တွေ တောင်လိုပြုံနေတာမို့လို့ laptopကိုဖွင့်ရင်း ဒီနေ့တစ်နေကုန်အပြတ်ဖြတ်မယ် မနက်ဖြန်နားရလဲ မနည်းဘူးလို့စဥ်းစားနေတုန်း အိမ်ခေါင်မိုးပေါ်ကို မိုးကြိုးပစ်ခံလိုက်ရသလို အသံကျယ်ကြီးထွက်လာလို့ အပြင်ထွက်ကြည့်ရပြန်တယ်။ ဘောလုံးအပြာလေးတစ်လုံးကတော့ ခေါင်မိုးကိုလာထိတာ သူမဟုတ်တဲ့အတိုင်း ခြံထဲမှာသာရှိနေလေရဲ့။ အ်မ်ရှေ့ကိုကြည့်တော့လဲ အသားဖြူဖြူလေးကိုမှ ပါးဖောင်းလေးတွေက ရဲပတောင်းခတ်နေတဲ့ ကလေးတစ်ယောက်က ခြံတံခါးကိုခိုရင်း bellကို စိတ်ရှိလက်ရှိနှိပ်နေတာမြင်လိုက်ရတယ်။ အစကမှတ်လောက်သားလောက်အောင် မပေးပဲနေမယ်စဥ်းစားပေမယ့်လဲ နည်းနည်းတော့ထိန်းမှအဆင်ပြေမယ်ဆိုတဲ့စိတ်နဲ့ပဲ ဘောလုံးကိုကိုင်ရင်း ခြံတံခါးနားထိသွားလိုက်တယ်
YOU ARE READING
A Nephophile
Ficção GeralA Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့ခေါ်တွင်လိုက်တယ်။