[Zawgyi]
❤️EP.6❤️ထိုအချိန် ကျွန်တော် နောက်နားဆီက ရယ်သံတစ်သံက ထွက်ပေါ်လို့လာခဲ့သည်။
""အဲ့ အင်္ကျီက မင်းကို ဘာတွေများ အပြစ်လုပ်ထားမိလို့ .မင်းက ရက်ရက်စက်စက်နဲ့ သူ့ကို လွှင့်ပစ်ရတာလဲ .""
သေချာတာပေါ့ အဲ့ဒီလူက မြတ်သောမောင်ကလွဲပြီး ဘယ်သူဖြစ်ရဦးမှာလဲ ။
မြတ်သောမောင်က ကျွန်တော်လွှင့်ပစ်လိုက်တဲ့ သူ့ရဲ့အင်္ကျီကို ကောက်ယူလိုက်ပြီး ကျွန်တော်ဆီကို လျှောက်လာခဲ့သည်။
""ပြန်ဝတ်ထား မင်းအအေးမိလိမ့်မယ်..""
သူ့စကားကို ကျွန်တော်နားထောင်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ရှေ့မှာ ကျွန်တော် ကိုယ်လုံးတီးနဲ့ရပ်နေရဲလောက်အောင်ထိ သတ္တိမရှိသေးဘူး ။
ကျွန်တော် အင်္ကျီကို ၀တ်လို့ပြီးသွားသည့်အချိန် မြတ်သောမောင်ရဲ့ ပွေ့ဖက်ခြင်းကို ခံလိုက်ရတော့သည်။
""မင်း ဘာလုပ်ပြန်ပြီလဲ..""
""ဟေး..ငါက ဒီအတိုင်း မင်းကို ဖက်ထားချင်လို့ပါ..""
မြတ်သောမောင်ရဲ့ လက်တွေက ကျွန်တော် ခါးပေါ်မှာ တင်းကြပ်နေအောင် ရစ်ပတ်လို့ထားသည်။
ကျွန်တော် သူ့ရဲ့အသက်ရှုသံကိုတောင်မှ ခံစားလို့ရနေခဲ့တယ်။
မြတ်သောမောင်က ကျွန်တော် လည်ပင်းကို တစ်ချက်နမ်းလိုက်ပြီး..
""မာန်.....""
သူရဲ့အသံက ညင်သာပြီး နူးညံ့နေသည်။
သူက ကျွန်တော်နား ကို ညင်သာစွာ ကိုက်ခဲရင်း..""ငါ မင်းကို နမ်းချင်တယ်..""
""ဘာ..""
ကျွန်တော် အေးခဲနေပြီး အသက်ရှုရတာ မ၀သလို ဖြစ်လာခဲ့သည်။
နောက်ပြီး ကျွန်တော်က ဘာဖြစ်လို့ မြတ်သောမောင် လုပ်နေသမျှကို ငြိမ်ပြီးခံနေရတာလဲ..။သူ ကျွန်တော်ကို ထပ်ပြီး လှည့်စားဖို့ကြိုးစားနေတာဘဲ ဖြစ်ရမည်။
""မင်း..ငါ့ကို လွှတ်စမ်း..""
ကျွန်တော် ရုန်းထွက်ဖို့ကြိုးစားလိုက်ရင်း အော်သည်။
မြတ်သောမောင် ကကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို အနောက်မှာ ရှိနေတဲ့ နံရံနဲ့ ထိမိသွားအောင်ထိ တွန်းပို့လိုက်ပြီး ကျွန်တော်ရုန်းမရအောင် ချုပ်ထား
လိုက်ဝောာ့သည်။
BẠN ĐANG ĐỌC
🚨တစ်ခါတုန်းကကျောင်းတော်🚨21+
Lãng mạnအမြဲအနိုင်ကျင့်ခံနေရတဲ့ေကာင်လေးရယ် အမြဲတမ်း ဗိုလ်ကျပြီး အနိုင်ကျင့်တတ်ကောင်လေးရယ် သူတို့ နှစ်ဦးကြားမှာ ပေါက်ဖွားလာတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။