EP.7

5.3K 315 36
                                    

[Zawgyi]
❤️EP.7❤️

❤️မြတ်သောမောင် POV❤️

ကျွန်တော် အမှန်တိုင်း ၀န်ခံရရင်.
.မာန်ဝင့်ထည်ဆိုတဲ့ ကောင်ပေါက်စလေးကို မြင်မြင်ချင်း ချစ်ခဲ့မိတာ အမှန်..။

သူ့ရဲ့ အပြုံးလေးတွေ..သူ့ရဲ့မျက်ဝန်းလေးတွေ.ကို မြင်မြင်ချင်းမှာဘဲ စွဲလမ်းခဲ့မိတယ်။

ဒါပေမယ့်..သူက ယောကျာ်းလေးဖြစ်နေခဲ့သလို..နောက်ပြီး ကျွန်တော် ၀မ်းကွဲညီရဲ့ အချစ်ဆုံးသူငယ်ချင်းလဲဖြစ်နေခဲ့တယ်..။

ကျွန်တော် အနေနဲ့ ယောက်ျားလေး
တစ်ယောက်ကို အခုလို မြင်မြင်ချင်း ချစ်မိသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး..။

နောက်ပြီး သူနဲ့ပတ်သက်ပြီး ပေါက်ဖွားလာခဲ့တဲ့ အဲ့ဒီချစ်ခြင်းတရားကို ကျွန်တော် လက်မခံရဲ.ဘဲ ငြင်းဆန်ဖို့ ကြိုးစားခဲ့တယ်.။ နေ့စဉ်နဲ့အမျှ ကျွန်တော် ရဲ့နှလုံးသားကို တိုက်စားသိမ်းပိုက်နေတဲ့
အဲ့ကောင်လေးအပေါ်မှာ..ကျွန်တော်မလိုလားအပ်တဲ့ ဒေါသတရားတွေ
ကို ပုံချဖို့ ကြိုးစားခဲ့မိတယ်။

ချစ်ခြင်းနေရာမှာ မုန်းတီးခြင်းဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းလဲကာ ကျွန်တော် ထိုကောင်လေးကို အနိုင်ကျင့်ခဲ့တယ်။

ရိုက်နှက်ခဲ့မိတယ်။ ကျွန်တော်မုန်းတယ် ။သူကကျွန်တော်မဟုတ်တဲ့ တခြားသူတွေကို ပြုံးပြတဲ့အခါ မျိုးမှာ. ။ အထူးသဖြင့် ကျွန်တော်ရဲ့ညီ မင်းဆက်သွင်နဲ့ အနေ
နီးစပ်နေတာကိုလဲ ကျွန်တော် မကြိုက်ခဲ့.ဘူး.။ ကျွန်တော်မဟုတ်တဲ့ တခြားသူတစ်ယောက်ကို အားကိုးရှာနေတာမျိုးကို ပိုလိုတောင် မုန်းမိတယ်။

ဒါပေမယ့် အဲ့ဒီအမုန်းတရားက..ကျွန်တော်သူ့ကိုချစ်နေတဲ့စိတ်ကိုတော့ အနိုင်မယူနိုင်ခဲ့.ဘူး.။

ကျွန်ဝောာ်ကိုယ့်ကိုယ်ကို ဒေါသတရားနဲ့ ချုပ်ထိန်းနေတဲ့ ကြားထဲကနေ ကျွန်တော်ရဲ့စိတ်တွေက လွတ်ထွက်နေခဲ့တယ်..။

ဥပမာ..ဒီနေ့လိုမျိုးမှာပေါ့..။

ကျွန်ဝောာ် ပုံမှန်အတိုင်း အားကစားတန်းတက်ဖို့ရန် အ၀တ်စားလဲခန်းထဲကို ရောက်လာတဲ့အချိန် မမျော်လင့်ဘဲ မာန်ကို အပေါ်ပိုင်းဗလာကျင်းနေတဲ့ ပုံစံမျိုးနဲ့ တွေ့လိုက်ရတယ်။

🚨တစ်ခါတုန်းကကျောင်းတော်🚨21+Where stories live. Discover now