'' ဘာလုပ်နေလဲ... သားငယ် ''စကားသံနဲ့အတူ သော်တာ့အခန်းတံခါးအား တွန်းဖွင့်ကာ ဝင်လာခဲ့သည့် အမေကြောင့် သော်တာ ဖုန်းပြောနေသည်အား ရပ်လိုက်ပြီး ခေါင်းအုံးအောက် အမြန်ထည့်လိုက်သည်။
ညီနဲ့ဖုန်းပြောနေချိန် အမေ သူ့အခန်းထဲဝင်လာခဲ့သည်ကြောင့်
ခိုးနေတုန်း မိသွားသည့် သူခိုးတစ်ယောက်လို ပြုမူလိုက်သည့် သူ့အပြုအမူကို သော်တာ စိတ်ထဲကနေ ကျစ်တစ်ချက်သပ်လိုက်ပြီး ကိုယ့်ကိုကိုယ် ဒေါသထွက်နေမိသည်။ပျက်ယွင်းနေသည့် သားငယ်အမူအယာကြောင့် ဒေါ်နှင်းဆီ သံသယတို့က ပိုခိုင်ခန့်လာသည်။ သားငယ် ခုလတွေထဲ အရင်လို အိမ်မှာအိပ်တာထက် တပတ်မှာ နှစ်ရက်လောက်က အပြင်မှာအိပ်သည်က များလာသည်။
အထူးခြားဆုံးကတော့ ဟန်နီဆိုတဲ့ကောင်မလေးနဲ့ ချစ်သူဖြစ်ခဲ့စဉ်ကထက် ပိုတတ်ကြွနေပြီး ဒေါ်နှင်းဆီ ရှေ့ ဖုန်းပြောတဲ့အခါတိုင်း အများစုက ညီဆိုသည့် နာမ်စားအား ပြောနေသည်ကို ကြားမိနေသည်။
ဒေါ်နှင်းဆီ မေးကြည့်တော့ သားရဲ့ဘော်ဒါအသစ် ညီငယ်လေးပါဟု ပြန်ဖြေခဲ့သည်ကြောင့် ယောင်္ကျားလေးချင်းမို့ ထှေထှထေူးထူး အတွေးမဝင်ခဲ့။ သို့ပင်မဲ့ သားငယ် တစ်ခုခုတော့ လျိုဝှက်ထားသည်ကို ဒေါ်နှင်းဆီ ခံစားမိနေသည်။
နေ့လည်က သားကြီး ပြောလာသည့်စကားကြောင့်သာ သူစိုးရိမ်မိသည့် မထင်ထားသည့်အကြောင်းတရားအား မေးရန် သားငယ်ဆီရောက်လာခဲ့ခြင်းသာ။
အမေ့ သားငယ် ယောင်္ကျားချင်းကြိုက်နေတယ်ကြားတယ်၊ ဈေးသည်နဲ့ ဆိုက္ကားသမားရဲ့သား တွန်းလှည်းသယ် စည်းချက်ညီ ဆိုတဲ့ ကောင်လေးနဲ့ ဟု ပြောလာခဲ့သည်။ဒီစကား ကြားရုံနဲ့တင် သွေးပေါင်ထိုးတတ်လာပြီး ခေါင်းတွေပါမူးလာခဲ့ရသည်။
သားကြီးကို သေချာရဲ့လား ထပ်ခါထပ်ခါ မေးနေမိသည်။ ပြန်ရလာသည့်အဖြေက ကန်တော်ရာက ခုံတန်းမှာ အမေ့သားငယ်လက်ကို ထိုကောင်လေးက ဖျက်ကနဲနမ်းလိုက်သည်ကို သူ့သူငယ်ချင်း မြင်လိုက်ရပြီး သော်တာနဲ့အတူတွေ့ရသည့်ကောင်လေးကိုလဲ သူသိကြောင်း သူရိန်ကိုပြောပြလာခဲ့သည်။ ထိုမှတဆင့် ဒေါ်နှင်းဆီ သိလာခဲ့ရသည်ပေါ့။
ŞİMDİ OKUDUĞUN
လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍
Romantizmသစ္စာဖောက်ခံလိုက်ရတာကြောင့် အချစ်ကို အယုံအကြည်မရှိတော့တဲ့ အသက်၃၀အရွယ် သော်တာ နဲ့ မိသားစု စားဝတ်နေရေးအတွတ် အချစ်ကို ဂျောင်ထိုးထားတဲ့ ၂၂အရွယ် အညတရကောင်လေး စည်းချက်ညီတို့ကြားက ချစ်ခြင်းနိဗ္ဗာန်လေးကို ပုံဖော်ရေးသားမဲ့ fiction တပုဒ်....။ Start Date...