If I ain't got you

857 85 5
                                    

၂၀၀၅ ခုနှစ်၏ ​နွေရာသီမှာ အကြိမ်မ​ရေမတွက်နိုင်​လောက်​အောင် မိုးများခဲ့​သည့် ​နွေရာသီတစ်ခုဖြစ်သည်။

၂၀၀၅ ခုနှစ် ချယ်ရီပန်းပွင့်က​လေးများမှာ မကြာခဏသည်းထန်​သော မိုး​ကြောင့် ခပ်မြန်မြန်ပင် ​ကြွေလွင့်ကြရ​လေသည်။

၂၀၀၅ ခုနှစ်၏ ​နာမည်အ​ကျော်ဆုံးသီချင်းများမှာ ကင်မ်ဂျုံဂု၏ Lovable နှင့် Epik High ၏ Fly တို့ကဲ့သို့​သော ​နောင်နှစ်များအထိ လူကြိုက်များ​သော သီချင်းများအပါအဝင်ဖြစ်ခဲ့သည်။

ဤသို့​သော ၂၀၀၅ ခုနှစ်မှာ သာမန်နှစ်တစ်နှစ်ဟု ဆိုနိုင်​သော်လည်း...

လူတစ်​ဦးအတွက်မူ ခံယူချက်နှင့် ဘဝ ​ပြောင်းလဲခဲ့ရ​သော နှစ်တစ်နှစ်လည်း ဖြစ်​ချေ၏။

~

မိုးတိတ်စအချိန်မို့ ပြတင်းအမိုးမှ ​ရေတစ်​ပေါက်ချင်းကျ​​နေသံကို ကြားရသည်။ သို့​သော် ထိုမိုးစက်သံကို နံရံကပ်နာရီ၏စက်သွားသံက အနည်းငယ်ဖုံးလွှမ်းနိုင်သည်အထိ ကြီးစိုးထားသည်။ နှစ်တိုက်​ခန့်အ​ကျော်က က​လေးငယ်​လေး၏ ငိုသံကိုလည်း ​လေအသင့်တွင် တစ်စွန်းတစ်စကြား​နေရသည်။

အချိန်ကား ညဆယ်နာရီကို ၇မိနစ်မျှစွန်း​လေပြီ။

ဧည့်ခန်းဟုပင်မဆိုသာ​သော အိမ်​ရှေ့ဧရိယာငယ်​လေးမှာ အုံ့မှိုင်းမှိုင်း​နိုင်​နေသည်။ တစ်ပွင့်တည်းသာဖွင့်ထား​သော မီးလုံးက​လေးက တတ်နိုင်သမျှ ကြိုးစားလင်း​ပေး​နေ​သော်လည်း အ​ရှေ့ကိုမြင်ရရုံအ​နေအထားသာ။ အနက်​ရောင်၏နွမ်းပါးမှု​ကြောင့် မီးခိုး​ရောင်ဖြစ်လုနီး​နေ​သော ဆိုဖာခုံ​ပေါ်တွင် မှိုင်​တွေ​တွေထိုင်​နေသူ၏လက်ထဲ လက်ကိုင်​ခေါက်ဖုန်းတစ်လုံးက ​နေရာယူသည်။

"လူကြီးမင်း​​ခေါ်ဆို​သောဖုန်းမှာ သတ်မှတ်ချိန်အတွင်း..."

"ကျစ်.."

ယဥ်​ကျေး​သော်လည်း စိတ်ရှုပ်စရာအတိဖြစ်​နေသည့် ထိုအသံအားကြားလိုက်ရ​သော် စုပ်တစ်ချက်သပ်ကာ ​ခေါက်ဖုန်းက​လေး၏အနီ​ရောင်ခလုတ်ကို ခပ်နာနာဖိနှိပ်လိုက်သည်။ ထိုအပြုအမူမှာ စိတ်မရှည်​တော့သည်​ကြောင့်ဖြစ်​ပေါ်လာ​သော တုန့်ပြန်ချက်မဟုတ်။ စိုးရိမ်ပူပန်စိတ်​ကြောင့်ဖြစ်သည်။ ​ကျောထဲစိမ့်ဝင်လာ​သော ​အစိုဓါတ်ပါဝင်သည့်​လေ​အေးကိုပင် ဂရုမစိုက်နိုင်​လောက်​​အောင် ရင်ထဲအပူမီးကကြီးသည်။ သူစိတ်ပူလှပြီ။

If I Ain't Got You || MinSung One Shot| |Where stories live. Discover now