{ 2 } Uni

26.7K 1.5K 268
                                    

မင်းသခင်ခက်ထန်က သူ့အဘိုး နဲ့ Video call ပြောနေရင်း အိမ့်မှူးသခင်နွယ်ဘက်လှည်ကာ ပြုံးစိစိနဲ့  မျက်လုံး တစ်ဖက်မှိတ်ပြတာကြောင့်  
သူ(မ)ဆီ ရောက်လာတဲ့ သိန်း၅ထောင်ရဲ့ လက်ချက်က မင်းသခင်ခက်ထန် မှန်း သိသွားရသည်။

အိမ့်မှူးသခင်နွယ် သူ့သားကို ကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်သွားတော့သည်။ ဒီကလေးရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံး တစ်ခုက Give & Take ပဲ ဖြစ်သည်။

သူ တစ်စုံတစ်ယောက်ဆီက တစ်ခုခု ယူပြီးတိုင်း အဲ့ဒီ တစ်စုံတစ်ယောက်ကို တစ်ခုခု ပြန်ပေးတတ်သည်က သူ့အကျင့်ပင်။

သူလိုအပ်တဲ့ အချိန်မှာ သူလိုအပ်တာကို ဖြည့်ဆည်းပေးရင် အဲ့ဒီဖြည့်ဆည်းပေးတဲ့ သူကို တန်ဖိုးထိုက်တန်တဲ့ အရာ တစ်ခုခု ပြန်ပေးလေ့ ရှိသည်။နည်းသည် များသည်  သူ့စိတ်ထဲ မထားတတ်။

အိမ့်မှူးသခင်နွယ် အတွေးတို့ နယ်ချဲ့ နေမိတာကို သူ(မ)ကိုယ်တိုင်သာ အသိဆုံးပင်။သူမသားရဲ့ စိတ်နေသဘောထားကို သိနေသည့် အလျှောက် တစ်နေ့မှာ သူ(မ)ရဲ့ သားက သူ့အဘိုးရဲ့ အရိပ်အောက်ကို ရောက်အောင် သွားမှာ သူ(မ)သိနေသည်။

အိမ့်မှူးသခင်နွယ် စိတ်တွေကို အေးချမ်းအောင် ထားပြီး သူ(မ)ရဲ့ သားနဲ့ယောက္ခထီး တို့ နှစ်ယောက်သား Video Call ပြောနေတာကိုပဲ အာရုံစိုက်နေလိုက်၏ ။သူ(မ)တကယ်ကို ဘာမှ ဆက်မတွေးချင်တော့ဘူး။

"ဘိုးဘိုးကြီး သားဆီ အလည်လာခဲ့မယ်"

"လာခဲ့ ဘိုးဘိုးကြီး "

"လာရင် ရန်ကုန်က ဘာမုန့်တွေ ကျွေးမှာလဲ "

"သားမှာ ပိုက်ဆံမရှိပါဘူး ဘိုးဘိုးကြီးရယ်"

"အခုလေးတင် မုန့်ဖိုးပေးလိုက်တယ်လေ "

တွေးဆဆလေးဖြင့် ဦးခက်ထန်က မေးသည့်အခါ မင်းသခင်ခက်ထန်က ပါးချိုင့်ပေါက်ကလေးတွေ ပေါ်တဲ့ အထိအောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြရင်း...

"မာမီ က ချစ်ဖို့ကောင်းအောင် အလိုလိုက်လွန်းလို့ မုန့်ဖိုးပြန်ပေးလိုက်တယ်"

"မိဘကို သိတတ်တဲ့ ကလေးလေးပဲ အဘိုးရဲ့ မြေးက "

"ရန်ကုန်လာရင် ဘာမုန့်မှ မကျွေးနိုင်ပေမဲ့ အချစ်တွေတော့ ကျွေးနိုင်တယ်
အာဘွားတွေ အများကြီးပေးမယ် ဘိုးဘိုး ကြီးသာ လာဖြစ်အောင် လာခဲ့ "

Min Tha Khin Khat Htan  {S-2} {Completed}Tempat cerita menjadi hidup. Temukan sekarang