"ငါ့မှာစိတ်တွေပူလိုက်ရတာ မင်းထက်ရယ်"
"ဘာလို့လဲ Chase?"
"ငါမင်းရဲ့ managerဖြစ်လာတာ ငါတို့အသက်၁၉နှစ်ပြည့်ကတည်းကလေ ခုပဲ ၂၅နှစ်ရှိပြီ, မင်းအလုပ်မလာတာ နောက်ကျတာတစ်ခါမှမမြင်ဖူးဘူး အရင်ဆို၈နာရီအတိဆိုတာနဲ့ ရုံးရောက်တဲ့သူက ခု ၁၂နာရီထိုးခါနီးမှလာတာ ငါစိတ်ပူတာပေါ့ကွ"
"ဪ မင်းကလဲ"
ဒီလောက်စိတ်တွေပူပြီး စကားအရှည်ကြီးတွေပြောနေတာကိုတောင် စကားလေး လေးလုံးလောက်ပြန်ပြောပြီး ဝတ်ထားတဲ့ necktieကိုအသက်ရှုချောင်လောက်မယ့်အထိဆွဲချရင်း ခုံရဲ့နောက်မှီပေါ်မှီချလိုက်တာမို့ မင်းထက်တစ်ခုခုဖြစ်လာတာကို Chaseသိလိုက်တယ်။
"ဘာဖြစ်လာတာလဲ"
"ငါလား?"
"ဒီအခန်းထဲမင်းရယ်ငါရယ်ပဲရှိတာပဲကို"
"ဒီတိုင်း ပင်ပန်းသလိုလို အဲ့လိုပင်ပန်းနေတာကိုပဲကြိုက်နေသလိုလိုခံစားနေရလို့"
"မင်းဟာကြီးကဘာကြီးလဲ"
"ကလေးထိန်းလာတာလေ ကလေးမှမွေးကင်းစကလေး"ဆိုပြီး အစချီရင်း သူ့အိမ်ခေါင်မိုးကိုဘောလုံးမှန်ရာကနေစလို့ အခုမနက်လိုက်ပို့ပေးလိုက်ရတဲ့ထိ Chaseကိုအကုန်ပြောပြလိုက်တယ်။
"ဪ မင်းထက်မြတ်သူတို့လဲနော် ကလေးမချစ်ဘူး ကလေးမချစ်ဘူးနဲ့ ,သွားပတ်သက်မိတော့လဲ တကယ့်ကလေး"
"မင်းကလဲ အဲ့လိုကြီးလဲမဟုတ်ပါဘူး ဒီတိုင်းအသည်းယားစရာလေးမို့လို့ပါ"
Chaseပြောမှစဥ်းစားမိတယ်။ တစ်ညလုံးဘာရယ်မဟုတ်ကြည့်နေမိတဲ့ နီစွေးစွေးနှုတ်ခမ်းလေးရယ် ဖြူဥပြီးနူးညံ့နေမယ့်မျက်နှာလေးရယ် ပိန်ပေမယ့်ကြည့်လို့အတော်ကောင်းတဲ့ခန္ဓာကိုယ်လေးရယ် အားလုံးကိုပေါင်းလိုက်ရင် ဒီကလေးကချစ်ဖို့ကောင်းတယ်ဆိုတာကိုတောင်ကျော်လွန်နေဦးမယ်။
"Miss Universeကိုတောင် ရုပ်ဆိုးတယ်ပြောတဲ့မင်းတောင် အသည်းယားနေရင် အဲ့ကလေးက ချစ်ဖို့ကောင်းမှာကျိန်းသေနေပြီ"
YOU ARE READING
A Nephophile
General FictionA Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့ခေါ်တွင်လိုက်တယ်။