Unicodeသူငယ်ချင်းကို ရည်းစားရကိုရရမယ်ဆိုပြီးကြွေးကြော်ခဲ့ပြီးတဲ့နောက် အိမ်ကထွက်လာခဲ့တယ်။
လမ်းမှာတွေ့သမျှလူတွေထဲမှာ ကျွန်မကြိုက်တဲ့သူပါနိုင်ကောင်းရဲ့ဆိုပြီးလျှောက်ကြည့်မိတယ်
အယ်.....
ဟိုရှေ့မှာတွေ့နေရတာ အနီရောင်ရှပ်ကလေးနဲ့ ဝင်းဝင်းဝါဝါ လူဝါကလေးပါလား၊
သူ့ကြည့်ရတာငါ့စတိုင်ပဲ 😈ဝင်ကပ်မလို့ကြံတုန်းသူ့ကိုနောက်ကလှမ်းဖက်လိုက်တဲ့လက်တစ်စုံကြောင့် ကုပ်ချောင်းကုပ်ချောင်းနဲ့ နောက်ပြန်ဆုတ်ခဲ့ရတယ်
စိတ်ညစ်ညစ်နဲ့တစ်ဖက်လမ်းကိုဝင်လိုက်တော့
အလိုလို....
အပြာရောင်ကိုယ်ကျပ်အင်္ကျီနဲ့ အဆင်လေးတစ်ကောင်လေ့ကျင့်ခန်းလုပ်နေတာနဲ့ပက်ပင်းတိုးရတော့တာပဲ။ပထမဆုံးမျက်လုံးထဲဒဲ့ဒိုးကြီးဝင်လာတာက ကိုက်ကျပ်အင်္ကျီနဲ့အတူပေါ်လာတဲ့ muscle တွေ
ရင်အုပ်ကကြွက်သားတွေမှာလည်း လေ့ကျင်းခန်းကြောင့် ချွေးတွေစိုလို့ အားပါးပါး 🤤
မိန်းကလေးတန်မဲ့သွားရည်တွေထွက်ကျလာတော့မလို့ မနည်းထိန်းလိုက်ရတယ်။ရုပ်ကငယ်တဲ့ပုံပေါ်လို့ မောင်လေးဆိုပြီးခေါ်မယ်အလုပ် သူ့သူငယ်ချင်းကိုခေါ်တဲ့အသံကြောင့် ထမီ,မ ပြီးပြေးခဲ့ရတယ်။
"ဟဲ့ ကောင်မရေ ငါ့နင့်ကိုမျှော်နေတာ" တဲ့ 😱
ဒီတစ်နေ့ ဘဲရှာတာ ကြက်တွေနဲ့လာတွေ့နေတယ် ဒုက္ခပါပဲ
ဆောင့်အောင့်ဆောင့်အောင့်နဲ့ လမ်းကြားကထွက်လာပြီး လမ်းမကြီးကိုဖြတ်မယ်အလုပ် ရှေ့တည့်တည့်ကဖြတ်သွားတဲ့ ဆိုင်ကယ်လေးနဲ့ကောင်လေးကချောလိုက်တာဟ 😍
အသားလေးကဖွေးဖွေးလေး မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ ဆံပင်လေးကလေထဲမှာပျံ့လွင့်.... ဟဲ့ ဟဲ့ ဟိုကမြောင်းထဲကို ဆိုင်ကယ်ထိုးကျသွားပြီ!!! ဪ လမ်းဘေးကကောင်မလေးကိုငမ်းရင်းနဲ့ ပြုတ်ကျတာပဲ
သူလည်းနှာဘူးပဲ မကောင်းဘူး မကောင်းဘူးတော်ပြီ ဒီနေ့အပြင်ထွက်ရတာစိတ်ဆင်းရဲစရာကြီး။ အိမ်ပဲပြန်တော့မယ် 💧
YOU ARE READING
ကျွန်မနှင့် ရည်းစားရှာထွက်ခြင်း
Humorသတိ 🛑 Single လုပ်မည့်သူများအတွက်အထူးသီးသန့် အပျိုကြီးကရည်းစားရှာထွက်တာ ဘာ description လိုမှာလဲတဲ့ ဟွန့် One short ပါနော်