နောက်ရက်ကစပြီး ဒယ်ဒီCompanyတွင် ရုံးဝန်ထမ်းဝင်လုပ်မည်ဖြစ်၍ ဒီနေ့ လွမ်းတစ်ယောက် နက်နဲ့အတူ Fire Shopping Mall ဝယ်စရာရှိ၍ အတူတူထွက်လာခဲ့သည်။အစတုန်းက တစ်ယောက်တည်းသွားဖို့လုပ်နေတုန်း ရုတ်တရက်အိမ်ကိုရောက်လာတဲ့ ခွန်းသက္ကရာဇ်ဈာန်ကြောင့် သူ့ပါခေါ်ခဲ့ရလေသည်။သူ့သာမခေါ်ခဲ့ရင် လူကို ဘယ်သွားမှလဲ ဘာလုပ်ဖို့လဲ ဆိုသော လဲပေါင်းများစွာ မေးခွန်းတွေကို လွမ်းတစ်ယောက် ဖြေရလွန်းလို့ အိမ်ကနေကို Shopping Mall ရောက်လာမှမဟုတ်ပေ။
စီးပွားရေးလောကတွင်ထိပ်ဆုံးရပ်တည်နေတဲ့ Fire ဆိုသည့်နာမည်အတိုင်းပင် Shopping Mall က လူတွေစည်ကားနေသလို Fire Company ဦးနေရောင်ဈာန်ရဲ့တစ်ဦးတည်းသောသားဖြစ်သော ခွန်းသက္ကရာဇ်ဈာန်ဆိုတာကို အထပ်တိုင်းဈေးဆိုင်တွေကသိကြ၍ ဖော်ရွေစွာနှုတ်ဆက်ကြသော်လည်း ရေခဲတုံးကိုယ်တော်ကတော့ ရေခဲရိုက်မျက်နှာထားနဲ့ လွမ်း ရွေးနေတာတွေကို မျက်နှာသေနဲ့လိုက်ကြည့်နေလေ၏။
"ဒါလေး ယူမယ် အမ"
သူ့မေးတာသမျှကို ဂရုစိုက်ဖြေပေးသည့် အမကို သူ့ယူမယ့်အင်္ကျီကိုပေးလိုက်တော့ ရေခဲတုံးမင်းသားက ထပြောရလာသည်။
"အဲ့အရောင်မကြိုက်ဘူး ဟိုအဖြူရောင်လေးယူ လွမ်း"
သူ့လက်ထဲက ဝန်ထမ်းအမကို ပေးတဲ့ကုတ်အင်္ကျီအနက်ကိုမကြိုက်ဘူးဆိုပြီးပြောလာသူက နက်။
"အပေါ်ထပ်ကုတ်အင်္ကျီတော့ အနက်ရောင်တစ်ထည်တော့ ယူအုံးမယ်လေ "
"ယူလေ ဟိုအဖြူရောင်ကုတ်အင်္ကျီလေးရောယူ"
"ငါ့ဝယ်တာများနေပြီ "
သူ့ပြောလိုက်တော့ ထိုင်နေတာကနေ သူ့ရဲ့အနားလျှောက်လာသည့် ရေခဲတုံး။
"ဒီတစ်ထည်ရော ယူ ကျန်တာပါယူချင်ရင် ယူအုံး ကျွန်တော်ဝယ်ပေးမယ် "
"မင်းဝယ်ပေးရအောင် ဘယ်က ပိုက်ဆံရှိလို့လဲ ခွန်းသက္ကရာဇ်ဈာန်"
လွမ်းပြန်ပြောတဲ့စကားတွင် ရီစရာမပါဘဲ ပြုံးချင်သလိုလိုဖြစ်လာသော နက် မျက်နှာကြောင့် လွမ်းတစ်ယောက်နားမလည်ပေ။
YOU ARE READING
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023