161[U&Z]

1.9K 196 2
                                    

[Unicode]

ထိုအချိန်မှာပဲ သူမ လျှောက်မြင်နေတယ်လို့ နင်မုန့် ထင်သွားတာမို့ မျက်လုံးတွေကို ပွတ်ကာ ပြန်ဖွင့်လိုက်သည်။ ဟော်ပေ့ချန်က ထိုပုံစံအတိုင်းပဲ ရှိနေလေသည်။ အနက်ရောင် ဝတ်စုံပြည့်နဲ့ သားရေ ဖိနပ်ကို ဝတ်ဆင်ထားတဲ့ သူ့ပုံစံက ပတ်ဝန်းကျင်နှင့် လုံးလုံးမှ မရောယှက်အောင် ပြုလုပ်ပေးထားလေ၏။ မျက်နှာပေါ်မှ လိုင်းတွေက အေးခဲ တောင့်တင်းလို့နေပြီး မျက်နှာအမူအရာက လျစ်လျူရှူမှုကို ပြသနေတာမို့ လူတိုင်း သူ့ကို ကြောက်ရွံ့နေစေမည့်ပုံ ပေါ်နေ‌လေသည်။

‌ပင့်တက်လာတဲ့ သူ့ရဲ့ ခပ်မှောင်မှောင် မျက်ဝန်းတွေက စတင်ပြီး တောက်ပလာသည်။ ပတ်ဝန်းကျင်မှာ လူ‌အုပ်ကြီး ရှိ‌လို့နေပြီး မီးရောင်စုံတွေက နေရာပေါင်းစုံကို ကူးလူးလို့နေ၏။ ရံဖန်ရံခါ မီးရောင်တွေက သူ့မျက်နှာပေါ် ကျရောက်လို့လာပြီး လင်းလိုက် ‌မှောင်သွားလိုက် ဖြစ်နေသည်။ ဘာကြောင့်ဆိုတာ နင်မုန့် မသိပေမယ့် ထိုနေရာမှာတင် ရပ်တံ့နေမိ၏။

လူအုပ်ကြီးဆီမှ ကျယ်လောင်တဲ့ အော်သံတွေ ကြားနေရသလို ခံစားနေရတာဖြစ်ပြီး သူမ စိတ်ထဲလဲ ထိုအရာတစ်ခုတည်းသာ ရှိနေလေသည်။

သူက ဘာလို့ ဒီရောက်လာတာလဲ?

သူမ ‌ကြက်သေ သေနေတဲ့ တဝက်လောက်မှာ အမျိုးသားက နူးညံ့စွာ ပြောလာသည်။ သို့သော်လည်း သူ့စကားပြောလိုက်တဲ့ အချိန်မှာ တိုက်ဆိုင်စွာပဲ ဂီတသံနှင့် အော်ဟစ်သံတွေက ဆူညံသွားတာမို့ သူ့ အသံကို ဖုံးအုပ်သွားလို့လေ၏။

နင်မုန့်က စိတ်လှုပ်ရှားစွာပဲ အော်ပြောလိုက်သည်။ "ရှင် ဘာပြောလိုက်တာလဲ"

သူပြောတာကို ကြားနိုင်ဖို့ သူမ အရှေ့ကို ကိုင်းလိုက်သလို အမျိုးသားကလည်း ထို့နည်းတူ အရှေ့သို့ ကိုင်းလာလေ၏။ မျက်တောင်တွေ အချင်းချင်းပါ ထိနိုင်တော့မည့်အလား သူတို့နှစ်ယောက်လုံး အလွန် နီးကပ်သွားသည်။ အရမ်း နီးကပ်လွန်းနေတာမို့ သူ့ခန္ဓာကိုယ်ဆီမှ လန်းဆန်းတဲ့ ရေချိုးဆပ်ပြာနံ့ကိုပါ သူမ ရှူရှိုက်လို့ ရနိုင်နေသည်။ သူ့ရဲ့ ဝင်လေထွက်လေက သူမ ကိုယ်ကို ရိုက်ခတ်တဲ့အခါ နင်မုန့် တထိတ်တလန့်နဲ့ပဲ အလျင်အမြန် အနောက်ဆုတ်မိသွားသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Dove le storie prendono vita. Scoprilo ora