18.ကျွန်တော်က သူခိုးကြီးကို ယောက်ျားတော်ထားရတာပဲ

899 96 9
                                    

Unicode ver...

18.ကျွန်တော်က သူခိုးကြီးကို ယောက်ျားတော်ထားရတာပဲ

အပြင်ပိုင်းက ချမ်းစိမ့်စိမ့် ဖြစ်နေတဲ့ ကျောက်စိမ်းဂူဟာ အထဲသို့ရောက်တာနဲ့ နွေးထွေးမှုတွေ ရင်ထဲ လွှမ်းခြုံလာတာကို ဝမ်ကလေး ခံစားမိလေသည်။

အမြဲတမ်း လူတွေ နေနေသလို အသုံးအဆောင် အဝတ်အစား တွေ အားလုံးက နေရာတကျနဲ့ သပ်သပ်ရပ်ရပ် ရှိနေသလို ဂူအတွင်းပိုင်းအားလုံးက အိမ်ကလေးတစ်လုံးလို သန့်ရှင်းသပ်ရပ်နေခဲ့လေသည်။

"လှလိုက်တာ"

မရည်ရွယ်ပါပဲ လွှတ်ခနဲ ထွက်သွားတဲ့ ဝမ်နှုတ်ဖျားဆီက လှလိုက်တာ ဆိုတဲ့ စကားလုံးလေးတဲ့။ ထိုစကားလေးကြားတော့ ရှောင်းရဲ့ နှုတ်ခမ်းပါးက မသိမသာလေး ကွေးညွတ်သွားလေသည်။

"တစ်ယောက်ယောက်ရဲ့ ဇာတိမြေက သိပ်သိပ်လှတာပဲ ရှောင်းရဲ့ ဝမ်ဖြင့် မနာလိုတွေ ဖြစ်ချင်လိုက်တာနော်"

သူ့နောက်မှာ အသာလိုက်လာရင်း ငြိမ်ငြိမ်လေး ရပ်နေတဲ့ ရှောင်းဆီ အရှိန်တင်ပြေးလို့ ရင်ခွင်ထဲ ခန္ဓာတစ်ခုလုံး ပစ်သွင်းရင်း ဝမ်ကလေးက ထိုသို့ဆိုတော့ ရှောင်းက ဝမ်ရဲ့ ကိုယ္လေးကို ထွေးဖက်ရင်း ဝမ်ရဲ့လည်ကုတ်လေးဆီပါ နှာခေါင်းလေးအပ်လို့ ရှူရှိုက်ပစ်လိုက်လေသည်။

"သခင်က တကယ်ပဲ မနာလိုဘူးပေါ့လေ"

"ဒါပေါ့ ဝမ်ဖြင့် ကိုယ္တိုင် ဇာတိတောင် မသိဘူးလေ။ ဆရာတော်ပြောတာတော့ လူတစ္ယောက်လာပေးတယ္ဆိုတာပဲ သိခဲ့တာ။ သူမရုပ်ပုံက နှီဝါးနတ်ဖုရားမလို အသုံးအဆောင် ဝတ်ထားတာတဲ့။ အဲ ဒါမဲ့ ယောက်ျားလေးလိုလိုပဲတဲ့ သူ့ကိုယ်သူလည်း ကျွန်ပ်လို့ပဲ သုံးသွားတာ ဆိုပဲ"

"အွန်း ကျွန်တော့်ရဲ့ သခင်ကို နတ်ဘုရားတွေက ကမ္ဘာကို ကယ်တင်ဖို့ လွှတ်လိုက်တာ ဖြစ်ပါလိမ့်မယ်"

"ဟား ဟား ရှောင်းက အပိုပြော​ပြန်ပြီ"

ဂူအတွင်းပိုင်းတွေ လိုက်လံပြသရင်း ရှောင်းနဲ့ ဝမ်ကလေးက အတည်မကျ စနောက်မကျ စကားတစ်ချို့ကို ပြောဆိုနေကြလေသည်။

"အပိုမဟုတ်ရပါဘူးဗျာ လူသားကမ္ဘာမှာတော့ ကျွန်တော် မပြောလိုပေမဲ့ ကျွန်တော့်ကမ္ဘာမှာတော့ သခင်က အာဏာအရှိဆုံး အမြတ်နိုးရဆုံးသော ကျွန်တော့်အလင်းရှင် ကျွန်တော့် ရဲ့ ကယ္တင်ရှင်ပါပဲ။"

Let me Cherish you, My Lord  (ZSWW) [complete]Tempat cerita menjadi hidup. Temukan sekarang