"ဟဲ့! အိပ်မနေကြနဲ့ ထ ထ.. ကလျာပေးထားတဲ့ လိပ်စာအတိုင်းဆို ဒီအိမ်ပဲ၊ အဲ့တာ ဆင်းမေးချည်ကြ သွား!"
ဆောင်းရာသီဝင်စ အချိန်အခါဖြစ်သော်လည်း တောင်ပေါ်ဒေသဖြစ်နေ၍ မြေပြန့်ထက်အအေးပို၏။ ကားမှန်တံခါးများအား အလုံပိတ်ထားသော်ငြား မည်သည့်နေရာမှ တိုးဝင်နေမှန်းမသိရသော လေအေးများသည် ခိုက်ခိုက်တုန်အောင်ပင် ချမ်းလှ၏။ ကားအတွင်းထဲ၌ပင် ထိုမျှလောက်အေးနေလျှင် အပြင်ထွက်လိုက်ပါက အရိုးထိစိမ့်နိုင်သည်။
"နိုနိုကလည်းဟာ.. ငါတို့အိပ်လို့မဝသေးဘူး၊ နင်ပဲဆင်းမေးလိုက်ပါဟာ နော်"
"ဪ ဪ.. တစ်လမ်းလုံးကားမောင်းလာရတဲ့ ငါ့ကိုမှအားမနာပဲ.. နင်တို့က အိပ်လို့မဝသေးဘူး ဟုတ်လား၊ အေး.. ဆင်းမေးမှာလား ကားပေါ်ကနေ ကန်ချခံမလား၊ ကြိုက်တာရွေးကြ မယ်မင်းကြီးမနှစ်ကောင်"
"နိုနိုကလည်း.. နင်နော် စိတ်ပုပ်လိုက်တာ၊ လာ.. ဝတီမ ဆင်းမေးရအောင်၊ ဖုန်းဆက်လိုက်လည်း ရနေတာကို"
အိပ်မှုန်စုံမွှားနှင့် ကားပေါ်မှဆင်းသွားကြသော သူငယ်ချင်းမနှစ်ယောက်အားကြည့်ရင်း ကြိတ်ရယ်မိ၏။ နိုနှောင်းမေ၊ ကလျာနန်း၊ ဝတီဦး၊ နဒီဖြိုး ဆိုသောအဖွဲ့၌ မိမိမှလွဲ၍ ကျန်သုံးယောက်သည် အအိပ်အစားပြိုင်ပွဲဝင်လျှင် ပူးတွဲပထမရမည့်သူများသာဖြစ်၏။ ယခုလည်း တန်ဆောင်တိုင်ပွဲတော်အား ကလျာ၏ဇာတိဖြစ်သည့် တောင်ကြီးမြို့၌ ဆင်နွှဲရန်ရောက်လာကြတာဖြစ်ပြီး သူ့ကိုတော့အသိမပေးထားခဲ့။ အံ့ဩသွားစေချင်တာလည်း ပါပေသည်။
"နိုနို ဒီအိမ်တော့ဟုတ်တယ်၊ ဒါပေမယ့် ကလျာမရှိဘူး.. ဘုန်းကြီးကျောင်းသွားတယ်တဲ့"
"ဟမ်! ဒါဆို.. ငါတို့သူ့ကို ဖုန်းဆက်ရမှာပေါ့၊ မဟုတ်ရင် အိမ်ထဲပေးမဝင်လို့ အပြင်မှာသောင်တင်နေလိမ့်မယ်"
"မဆက်နဲ့တော့.. သူ့အမေက သူဖုန်းဆက်ပြီးပြောလိုက်မယ်တဲ့၊ ငါတို့ကိုတော့ အိမ်ထဲဝင်ခဲ့ကြပါတဲ့၊ ကလျာ့အမေက သဘောကောင်းတယ်ဟ.. ငါတို့ကို သူ့သမီးသူငယ်ချင်းတွေမှန်း သိတယ်"
"အဲ့တာဆို ကလျာ့အမေက လူကဲခတ်တော်လို့ပဲ"
"ဘာဆိုင်လဲ!"
YOU ARE READING