"ထွီ! ဖုန်တွေကိုထူနေတာပဲ Taehyung ကဘာလို့ဒီလိုနေရာကိုလာချင်ရတာလဲဆိုတာနားကိုမလည်နိုင်ဘူး"
"Taehyung ကလည်းနင့်ကိုမခေါ်သလိုငါကလည်းခေါ်လာတာမဟုတ်ဘူး နင့်သဘောနဲ့နင်လိုက်လာတာနော် Choi Hyunkyo ညည်းညူမနေနဲ့"
Wonsekjang ဘေးပတ်ဝန်းကျင်မှာရှိတဲ့ရွာအသေးစားလေးကိုလေ့လာရေးဆင်းပြီးလို့နေ့တစ်ပိုင်းနားတဲ့အချိန်မှာ Taehyung ဆီကို Jiseung လာခြင်းဖြစ်သည်။
ထိုအကြောင်းကိုကျောင်းမှာအတန်းပိုင်ဆရာမနဲ့တာဝန်ရှိသူတွေကိုခွင့်တောင်းနေရင်းဘယ်ကနေဘယ်လို Choi Hyunkyo ကကြားသွားသည်မသိ။ ဇွတ်လိုက်ခဲ့မယ်ဟုဆိုတာကြောင့်မခေါ်ချင်ဘဲခေါ်လာခဲ့ရသည်။ သူများတွေနဲ့မတူထူးခြားစွာသူမကိုယ်ပိုင်ကားနဲ့ပဲလေ့လာရေးထွက်လာသည့် Hyunkyo ကြောင့် Taehyung ဆီအလာမှာလမ်းခရီးတော့မပင်ပန်းချေ။ သို့သော်ရွာတွေရဲ့အခြေအနေနဲ့ရွာသားတွေကိုမတူသလိုဆက်ဆံတာကတော့အပေါ်စီးဆန်လွန်းနေလေသည်။ ယခုလည်း Wonsekjang ရွာထဲကိုကားဝင်လို့မရတော့တာကြောင့်ရွာထိပ်ရှိအိမ်မှာကားကိုအပ်ထားခဲ့ပြီးလမ်းလျှောက်နေကြစဉ်ညည်းညူနေခြင်းဖြစ်သည်။
"ဘယ်လောက်လျှောက်ရအုံးမှာလဲ"
"ဆယ်မိနစ်လောက်"
"ဟယ်...စိတ်ပျက်စရာကောင်းလိုက်တာ ဒီလိုဖုံတောထဲမှာငါကအကြာကြီးလျှောက်ရအုံးမှာလား"
Hyunkyo ရဲ့စိတ်ရှုပ်စရာစကားတွေကို Jiseung မကြားချင်ယောင်သာဆောင်လိုက်တော့သည်။
*Taehyung ရေ...မင်းရဲ့အရှုပ်ထုပ်တွေကလည်းမနည်းပါလားဟေ့*
"ဟာ...Jiseung Hyung!"
ငါးမိနစ်လောက်လမ်းလျှောက်ပြီးသည့်နောက်ရွာအနောက်ထဲကစက်ဘီးနင်းကာထွက်လာသည့် Jungkook ကိုတွေ့လိုက်ရသည်။
"ဟာ..ပေါက်စ ဘယ်လဲကွ"
"ရွာထိပ်ကိုဗျ ဦးလေးကမျိုးစေ့တွေသွားယူခိုင်းလို့ မြို့သားကြီးဆီသွားမလို့မလား"
Jiseung တို့ဘေးနားမှာစက်ဘီးရပ်ရင်း Jungkook ပြောသည့်အခါ Hyunkyo ကတစ်ချက်စောင်းကြည့်လာသည်။
"မြို့သားကြီး.."
"အာ...Taehyungie Hyung ကိုပြောတာ"
ဘယ်သူကိုပြောမှန်းမသိဖြစ်နေသည့် Jiseung သည် Taehyung နာမည်ကြားတော့မှရယ်မိတော့သည်။ Hyunkyo ကလည်းသူကြားချင်နေသည့်နာမည်ဖြစ်တာကြောင့်ခေါင်းထောင်လာသည်။
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanfictionYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}