Sweet Love

823 83 1
                                    

တစ်ခုပြောချင်လို့ပါ.. ဒီ one shotက weiboက ယူထားတာပါ.. nameမရှိပါဘူးနော်.. wpမှာတင်ဖို့ nameထည့်ရမှာမို့လို့ Sweet love ဆိုပြီး ရေးလိုက်တာပါ..

weibo linkနဲ့ youtube linkကို post တင်ထားပေးပါ့မယ်နော်...

ABO ပါ...
one shotဖြစ်လို့ gongနဲ့ shouက nameမရှိဘူးနော်.. Alphaနဲ့ Omega ဆိုပြီးပဲ ရေးထားပါတယ်နော်..

..........................................



Alpha ပထမဆုံးအကြိမ် omegaကို စတွေ့ခဲ့ချိန်သည် ငယ်စဥ်ကလေးဘဝထဲကဖြစ်သည်။ ထိုအချိန်က မိသားစု၏ လွမ်းမိုးမှုကြောင့် လူကြီးတစ်ယောက်လို ရင့်ကျက်ရမည်ဟု စိတ်ဆုံးဖြတ်ထားခဲ့လေသည်။ နေ့တိုင်းနေ့တိုင်း မျက်နှာလေးက တည်နေကာ ဘယ်သူကပဲစနောက်နေပါစေ ပြုံးရယ်ခြင်းမရှိခဲ့ပေ။

Omegaလေးကတော့ မတူညီခဲ့..။ ငယ်ငယ်လေးကတည်းက ကောက်ညှင်းဖက်ထုပ်အလား။ မျက်နှာဝိုင်းဝိုင်းလေးက နီမို့မို့လေးနှင့် မြင်ရသူတိုင်းက ချစ်ခင်ကြသည်။ ပြီးနောက် omegaလေး၏ စကားလေးများကလည်း အလွန်ချိုမြိန်လှ၏။ အချော့အမော့ကြိုက်လှသော လူကြီးများ၏ နှလုံးသားတို့ကလည်း ဝမ်းသာပီတိဖြစ်ရသည်။ အထူးသဖြင့် Alpha ၏ မိခင်သည် Omegaလေးအား အလွန်ပင် နှစ်သက်သဘောကျပေသည်။

Omegaလေးနှင့် Alphaလေးတို့အိမ်များသည် မိတ်ဆွေသူငယ်ချင်းများဖြစ်ကြ၏။ ထို့ကြောင့် Omegaလေးက Alphaလေး၏ နောက်သို့ တကောက်ကောက်နေခဲ့သည်။ သူခေါင်းလှည့်လိုက်သည်နှင့် omegaလေးသည် သူ့အား ချိုမြိန်သောအပြုံးတစ်ခု ပေးနေလိမ့်မည်။ သူ၏မျက်လုံးများသည် လခြမ်းသဖွယ်ဖြစ်နေကာ အသံတိုးတိုးလေးဖြင့် "ကိုကို" ဟု ခေါ်ခဲ့သည်။

Aphaငယ်လေးက ထိုအချိန်တွင် သူ၏ နှုတ်ခမ်းအား တင်းတင်းစေ့ပိတ်လျက် အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။

"ငါ့နောက် မလိုက်နဲ့"

ဒီစကားတို့သည် အဟန့်အတားမဖြစ်ခဲ့ပဲ Omegaငယ်လေးက သူ့အနောက်အား ဆက်လိုက်နေဆဲပင်။

မူလတန်းအရွယ်တွင် ကလေးများက တကောက်ကောက်လျှောက်လိုက်နေသည့် omegaငယ်လေးအား ရယ်မောကြပြီး Alphaငယ်လေးကိုသာ လိုက်ကြည့်နေတတ်သည့် omegaလေးကို တမင်တကာအရှက်ရစေရန်ပင် လှောင်ပြောင်ရယ်မောကြသည်။

sweet love (Mm Tran)Where stories live. Discover now