အပိုင်း(၂၃)

596 103 13
                                    

"ဂျူဟျွန်း... ဆူးလ်ကိုကြည့်ပါဦး။ စိတ်အေးအေးထားနော်.. ယောင်းလေး‌ကိုဘယ်သူမှလုယူလို့မရဘူး"

ဆုန်းယွန်း၀မ်တို့ထွက်သွားပြီးနောက် ဂျူဟျွန်းကြမ်းပြင်ပေါ်ရုပ်ကြိုးပျက်လဲကျသွားသည်။ သူရဲ့ဘ၀တစ်လုံးနဲ့အလဲအလှယ်ပြုပြီး ပြုစုစောင့်ရှောက်ခဲ့သည့်သမီးကိုမှ ရင်ခွင်ထဲကနေခွဲထုတ်ဖို့ကြံရွယ်ရက်သည်။

"ဟျွန်းနီ"

ထိုအချိန်အပေါ်ထပ်မှ ယောင်းလေးပြေးဆင်းလာပြီး
ဂျူဟျွန်းကိုပွေ့ဖက်သည်။

"ဟိုဦးဦးကဟျွန်းနီကိုထိခိုက်အောင်လုပ်သွားသေးလားဟင်"

"မလုပ်ပါဘူးကလေးရဲ့"

"ဒါဆို ဘာလို့ဟျွန်းနီကငိုနေတာလဲ။ အစောကသေနတ်သံအကျယ်ကြီးလည်း ယောင်းကြားလိုက်တယ်"

"မမယွန်းဟီသတိမထားမိလို့ ပန်းအိုးကျကွဲသွားတာ။ သေနတ်သံမဟုတ်ဘူးကလေးရဲ့။ လာ ဟျွန်းနီနဲ့အပေါ်ထပ်သွားရအောင်။ ဟျွန်းနီချော့သိပ်မယ်"

မျက်ရည်များကိုသုတ်လိုက်ပြီး အလှဆုံးအပြုံးနဲ့ချယ်ယောင်းလေးကိုကြည့်သည်။ မုသားဆိုလိုက်တဲ့ဂျူဟျွန်းက ချယ်ယောင်းလေးကိုချီကာအိပ်ခန်းထဲသို့သွားသည်။

"မီးစကတော့တဖြည်းဖြည်းကြီးလာပြီ။ ဆုန်းယွန်း၀မ်ကလည်း ဘာလို့ရောက်လာရလဲမသိဘူး"

အစ်မဂျိန်းကဒေါသတကြီးရေရွတ်သည်။ အခုလိုအိမ်ထိရောက်လာမည်ဟု ဘယ်သူမှတွေးမထင်ခဲ့။ အတင့်ရဲလွန်းသည်။

"ဒီထက်ပိုသည်းမခံနိုင်တော့ဘူး။ ဒီကိစ္စဂျူဟျွန်းမလုပ်ရင် ဂျိန်းလုပ်မယ်"

"ဘာကိုလဲ ဂျိန်း"

အစ်မဂျီဆူးက စိုးရိမ်တကြီးမေးသည်။ ဂျူဟျွန်းကကိစ္စတွေကိုရှေ့နောက်ကြည့်တတ်သော်လည်း ဂျိန်းကတော့တဇွတ်ထိုးလုပ်တတ်သည်။

"ဂျူဟျွန်းလက်ထဲမှာ ဆုန်းမျိုးနွယ်ရဲ့သမာမှုလုပ်ထားတဲ့သက်သေတွေရှိတယ်"

"ဘယ်လို"

"ဆုန်းယွန်း၀မ်နဲ့သူ့အဖေလုပ်ခဲ့တဲ့သမာမှုတွေ၊ လာဘ်ထိုးထားတာတွေ ကျူးလွန်ခဲ့တဲ့အပြစ်တွေအကုန် ဂျူဟျွန်သိတယ်။ ဆွန်း၀မ်ကိုထောက်နေလို့ ဘာမှမလုပ်ခဲ့တာ"

Bring My Soul To The UniverseWhere stories live. Discover now