IV

175 19 4
                                    

အခန်းအတွင်းရှိ Air Purifier မှလာသော အသံမှ အပ​ေ​ြခာက်​ြခားဖွယ်​ေကာင်း​ေလာက်​ေအာင် တိတ်ဆိတ်​ြငိမ်သက်​ေန​ေသာ အိပ်ခန်းတစ်ခန်း။

မှန်ပြတင်းပေါက်များရှိသော်လည်း မီးခိုးရောင် လိုက်ကာများကြောင့် အပြင်မှ နေ့လည်ခင်းအလင်းရောင်က ပျပျကလေးသာ ဝင်ရောက်နိုင်သည်။

အခန်းအတွင်းရှိ လူနှစ်ယောက်။
တစ်ယောက်က ကုတင်ပေါ်တွင် ငြိမ်သက်သာစွာ လဲလျောင်းလို့ နေသည်။
ကျန်တစ်ယောက်ကတော့ အခန်းထောင့်ရှိ ထိုင်ခုံပေါ်တွင် လက်တစ်ဖက်က အငွေ့တလူလူထွက်နေသော ဆေးလိပ်တစ်လိပ်ကို ကိုင်ထားရင်း ကျန်လက်တစ်ဖက်က ထိုင်ခုံလက်ရန်းပေါ်တွင် လျော့တိလျော့ရဲတင်ထားကာ ကုတင်ပေါ်ရှိ လဲလျောင်းနေသောသူဆီသို့ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ ထိုင်ခုံအောက်ခြေနားတွင် ချထားသော Dust Bin ထဲတွင်​ စုပံုနေ​သော ​ဆေးလိပျတို အပိုင်းအစများကို ​ြကည့်​ြခင်းအားဖြင့်ထိုလူ၏ စိတ်ဖိစီးမှု ဘယ်လောက်များနေလဲ သိနိုင်ပေသည်။

ခနအကြာမှာတော့ ထိုင်ခုံပေါ် ထိုင်နေသောသူက မလှမ်းမကမ်းရှိ စားပဲွပေါ်မှ နာရီကို တစ်ချက်လှမ်းကြည့်ပြီးနောက် ကုတင်ထက်မှ လူရှိရာသို့ လှမ်းသွားလိုက်ပီး ခြုံထားသော စောင်ကို လှပ်လိုက်သောအခါ မြင်ရလိုက်သော အရာကြောင့် အလိုမကျစွာ မျက်မှောင်ကြုံ့သွားရရင်း ခန္ဓာကိုယ်ပေါ် မှ ပတ်တီးစည်းထားရာ ဒဏ်ရှိရာ နေရာသို့ တစ်ချက်စစ်ကြည့်လိုက်ပီးနောက် စောင်ကို ပခုံးလုံသည်အထိ ပြန်တင်ပေးလိုက်သည်။

ထို့နောက် နှစ်ခြိုက်စွာ အိပ်မောကျသောလူ၏ ငြိမ်သက်နေသော မျက်နှာဆီသို့ ငေးမောစိုက်ကြည့်နေမိရင်း လက်တစ်ဖက်က ပိရိသေသပ်နေသော နှုတ်ခမ်းဆီသို့ တိုးသွားကာ နောက်ဆုံးမှာတော့ နှုတ်ခမ်းအောက်ဘက်ဆီက မှဲ့နက်ကလေးဆီ ရွေ့သွားပြီး နှုတ်ခမ်းဖျားတွေဆီမှ တိုးသက်သော စကားသံတို့ ထွက်ပေါ်လာသည်။

"ဘယ်လောက်ထိ အိပ်နေအုံးမှာလဲ။
နိုးလာသင့်ပီ မလား•••ရှောင်း"

ခြောက်သွေ့နေသော နှုတ်ခမ်းတွေဆီ ခနမျှ စိုက်ကြည့်ပီးနောက် ကုတင်မှ ဖယ်ခွါလိုက်သည်။ ထို့နောက် ကိုယ်ပေါ်ရှိ အဝတ်အစားတို့ကို ကင်းမဲ့စေပြီး ရေချိုးခန်းဘက်သို့ခြေလှမ်းတို့ ဦးတည်သည်။

Tie? Die?Where stories live. Discover now