"ကိုကို"
"ဗျာ"
"သားဗိုက်ဆာတယ်" အခုလေးတင် အနီးနားမှာရှိတဲ့ G&Gဆိုင်ကနေ ရေခဲမုန့်ဝယ် မင်းထက်ကိုယ်တိုင်ဖောက်ပြီး လက်ထဲထည့်ရုံပဲရှိသေးတယ် ဗိုက်ဆာတယ်ကပြောလာပြီ။
"ရေခဲမုန့်စားလေ ကလေး"
"ရေခဲမုန့်ကဗိုက်မပြည့်ဘူးလေ အရည်တွေကို"
"ဒါဆိုဘာစားချင်လို့လဲ"
"ခေါက်ဆွဲသ.. အဲ ခေါက်ဆွဲကြော်" ခေါက်ဆွဲသုတ်ဆိုတာကိုပါးစပ်ကမထွက်ခင် အမြန်ထိန်းလိုက်ရတယ်။ ခုနလေးတင်ရိုက်ခံထားရတာ ခေါက်ဆွဲသုတ်သာကျွေးခိုင်းမိရင် ကားပေါ်တင် တိမ်စိုင်စုတ်ပြတ်သတ်သွားနိုင်တယ်။
"ဒါဆိုကိုယ်တို့နေ့လည်စာစားလိုက်မယ်လေ"
"ဟုတ် ဟီး" သူ့စိတ်တွေဘာဖြစ်နေလဲမသိပေမယ့် အဖြူကောင်လေး တစ်ချက်တစ်ချက် သွားလေးဖြဲပြီးရယ်ပြရင် ခေါင်းလေးကိုပွတ်ပေးရင်း လိုက်ရယ်ချင်မိတာတော့ မင်းထက်ကျိန်းသေသိပါတယ်။
"ကိုကိုဘာစားမလဲ" မင်းထက်သိတဲ့ တရုတ်ထမင်းဟင်းကောင်းတဲ့ဆိုင်တစ်ဆိုင်ကိုခေါ်သွားလိုက်တယ်။ Menuကိုကြည့်နေတဲ့ ကောင်လေးရဲ့ မျက်လုံးတွေက အရောင်တွေတောင်လက်လို့။
"ကိုယ်ကအစိမ်းကြော်နဲ့ထမင်း ကလေးရော?"
"ဟင် အရွက်တွေစားမို့လား? သားကခေါက်ဆွဲကြော် ပုစွန်ချိုချဥ်နဲ့ကြက်ကုန်းဘောင်ရောပဲ"
"အင်း မှာပြီးရင်ကုန်အောင်စားရမယ်နော်"
"ဟုတ် ကိုကို ကုန်မှာပါ ဟီး"
"ကုန်ရင်ပြီးရော"
"ဪ အကို cokeတစ်ဘူးပါပေးပါနော်" သူမှာပေးနေတာဆုံးတဲ့အချိန် အအေးဘူးထပ်မှာနေတဲ့ ကလေးကို မျက်မှောင်ကျုံ့ကြည့်မိလိုက်တယ်။
"မသောက်ရပါဘူး cokeတစ်ဘူးမှာ သကြားဓါတ်ဘယ်လောက်ပါတယ်ထင်လဲ ကြာရင်ဆီးချိုဖြစ်လိမ့်မယ်"
"ဟင့် ကိုကိုကလဲ, သားက cokeကြိုက်တာကို"
"မဟင့်နဲ့ ဟင့်လဲမသောက်ရဘူး"
YOU ARE READING
A Nephophile
General FictionA Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့ခေါ်တွင်လိုက်တယ်။