*အမုန်းနဲ့ အားပြိုင်မယ့် ချစ်ခြင်းတရား*😍😍😍အပိုင်း-(10)
ငါးနှစ်ကြာပြီးနောက်........................,
(နယူးဇီလန်နိုင်ငံတွင်..)
"ဂုဏ်ယူပါတယ် Mr. တိမ်စိုင်တိုက်
အခုလို ခင်ဗျားရဲ့ ကုမ္ပဏီက Top 3ထဲမှာ ပါသွားတဲ့အတွက် ""Thanks (ကေ်းဇူးပါ)
"ခင်ဗျားက တကယ့်ပြိုင်စံရှားပဲ ကျောင်းတက်နေရင်းတန်းလန်းနဲ့
အခုလို ခင်ဗျားကုမ္ပဏီကို အားလုံးထဲမှာ အမြင့်ဆုံးထိဖြစ်အောင်
လုပ်နိုင်ခဲ့လို့ ""ကေ်းဇူးပါ "
နယူးဇီလန်နိုင်ငံရှိ ကုမ္ပဏီပေါင်းစုံ ပြိုင်ပွဲမှာ လာတဲ့စီးပွားရေးရှင်
လုပ်ငန်းသမားများအားလုံးက သူ့ကို ဂုဏ်ယူမဆုံး ဖြစ်နေကြ
သည့်အတွက် တိုက် ပီတီဖြစ်နေမိသည်။ပွဲပြီးတော့ သူ မြန်မာနိုင်ငံကို ပြန်လာဖို့ သူ့တပည့်အမွှာနှစ်ယောက်ကို တိုက် ပြင်ဆင်ခိုင်းလေသည်။
"ဂျော်နီနဲ့ ဂျော်ကာ မင်းတို့ဒီတစ်သက် ငါပြန်ဖို့ ပြင်တာ ပြီးအုံးမှာလား "
"ပြီးပါပြီ ဘော့စ်ကလည်း "
ဂျော်ကာဆိုတဲ့ နာမည်အတိုင်း သူ့ဘော့စ်ကို ပြောင်စပ်စပ်နဲ့ ဖြေလိုက်လေသည်။ အမွှာထဲမှာ အကြီးဆုံးဖြစ်ပြီး အူကြောင်ကြောင်နဲ့ပင်။ အငယ်ကောင်ဂျော်နီ ကမှ သူ့ထက်အငယ်လည်းဖြစ်
တည်လည်းတည်ငြိမ်သည်။"ဘော့စ်ခိုင်းတာ မှန်သမျှပြီးပါပြီ "
ဂျော်နီ အဖြေကြားမှ တိုက် အမောပြေရသည်။"ဒါနဲ့ ဒီဝက်ဝံအရုပ်အကြီးကြီးကရော ဘော့စ် "
ပြောပြီး သူရဲ့ အရုပ်ကြီးကို မ ရန်ပြင်နေတဲ့ အကြီးကောင်
ဂျော်ကာ စကားကြောင့် တိုက် အမြန်ပြေးလာပြီး ပြောလိုက်ရသည်။"မ.... မ.....နဲ့ ဟေ့ကောင် ဂျော်ကာ မင်းအဲ့ဒီအရုပ်ကြီးကို လုံးဝမထိနဲ့ ထိလို့ကတော့ အလုပ်ထွက်ဖို့သာပြင်ထား "
စိတ်တွေပူပြီး အရုပ်ကြီးမှာ ချိတ်ထားတဲ့ ပိုက်ဆံစက္ကူ
လေးတွေကို အောက်များပြုတ်ကျပြီလားဆိုတဲ့ အတွေးနဲ့
တိုက် သေချာကြည့်လေသည်။
သူခေါက်ထားတဲ့ ကြယ် ပိုက်ဆံစက္ကူလေးက အခုဆိုရင်
နှစ်ထောင့်နှစ်ဆယ့်ရှစ်ရွက်ပင်ရှိသွားပြီလေ။
ဘာအတွက်ကြောင့် သူခေါက်နေမိသည်ကို သူကိုယ်တိုင်လည်း
အခုထိ သူ မသိခဲ့ပါ။ ထိုမေးခွန်းအတွက် သူ့မှာ အဖြေမရှိပင်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ