"သားငယ် ဒယ်ဒီနဲ့အတူတူ လိုက်ခဲ့မလား"
ဒီနေ့ လွမ်းက ဒယ်ဒီရဲ့Company တွင် ဝန်ထမ်းဖြင့် အလုပ်ဝင်လုပ်မည်ဖြစ်သည့်ကြောင့် မနက်စာအတူတူစားနေတုန်း ဒယ်ဒီက သူနဲ့Company အတူတူလိုက်မလာမေးခြင်းဖြစ်သည်။
"သားဘာသာပဲ သွားလိုက်မယ် ဒယ်ဒီ ပြီးတော့ သားက ဒယ်ဒီရဲ့သားဆိုတာကိုလည်း အသိမပေးပါနဲ့ ရိုးရိုးသာမာန်ဝန်ထမ်းအနေနဲ့ပဲ သားအရင်လုပ်ချင်ပါတယ်"
"သားငယ်ပြောချင်တာ ဒယ်ဒီ သဘောပေါက်တယ် အဲ့ဆို ဒယ်ဒီအရင်သွားနှင့်မယ် "
"ဟုတ် ဒယ်ဒီ"
"ခင် ကိုယ့်သွားပြီ "
မာမီကိုပါ နှုတ်ဆက်ပြီးနောက် ဒယ်ဒီက Companyသို့ ထွက်သွားလေသည်။
"သားငယ် Company သွားရင် သားငယ်ရဲ့ကားကို ယူသွားမှမလား"
"မယူဘူး မာမီ သားဒီတိုင်းသွားမယ် တော်ကြာ သာမာန်ဝန်ထမ်းကောင်လေးတစ်ယောက်က ကားအကောင်းစားဖြင့်သွားရင် အနှေးနဲ့အမြန် သားက ဒယ်ဒီသားဆိုတာ သိသွားလိမ့်မည်"
"အဲ့ဆိုလည်း သားငယ် Company သွားရင် သားခွန်းကို လိုက်ပို့ခိုင်းရမလား"
မာမီပြောလိုက်မှ ပိုဆိုးကုန်လိမ့်မည်။ခွန်းသက္ကရာဇ်ဈာန်စီးတဲ့ကားကို limited edition ဖြစ်တဲ့အပြင် ကားတစ်စီးတည်းကို သန်းပေါင်းတန်သောကားဖြစ်လေသည်။ထို့ကားနဲ့သာ လွမ်း ကို လိုက်ပို့ရင်တော့ သာမာန်ဝန်ထမ်းလို ထင်မည်မဟုတ်ဘဲ Companyကို လာပြီးအပျော်ကစားတဲ့သူလို ထင်သွားလိမ့်မည်ဖြစ်၏။
"ရတယ် မာမီ သားဘာသာသွားတော့မယ်"
"ရရဲ့လား သားငယ်"
"ရပါတယ် မာမီရဲ့ သားကမငယ်တော့ဘူး ဒါဆိုရင် သားသွားတော့မယ် မဟုတ်ရင် ပထမဆုံးရက် သားအလုပ်နောက်ကျနေတော့မယ်"
"အင်းအင်း သားငယ်ဂရုစိုက်သွားနော်"
"ဟုတ် မာမီ"
လွမ်းတစ်ယောက် အလုပ်နောက်ကျမှစိုးသည့်ကြောင့် မာမီကို နှုတ်ဆက်ကာထွက်လာခဲ့သည်။လွမ်းတို့ရပ်ကွက်က လူချမ်းသာရပ်ကွက်ဖြစ်သည့်အလျောက် အဌားကားမလာသည့်အတွက် Bus-stop ထိ ခြေလျင်လျှောက်လာရ၏။လွမ်းလည်း ရောက်တော့ Taxi တစ်စီးကို တားစီးလိုက်ကာ ပထမဆုံးအလုပ်ဝင်ရမည့် Company ဆီသို့။
ESTÁS LEYENDO
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023