အပိုင်း ( ၁၄)

69 8 0
                                    

________
ဆေးသောက်ပြီးအိပ်ကောင်းကောင်းနှင့်အိပ်ပျော်သွားလိုက်တာနေ့လယ်ခင်းတောင်ကျော်လေပြီ...
"ဟော..တော့...”
ကိုယ့်လက်ကလေးတွေကိုဆုပ်ကိုင်ရင်း  ငိုက်နေသည့်ခလေးလေး...

အိပ်ပျော်သွားကထဲကနေခုထိမထသေးပဲထိုင်စောင့်နေတယိထင်ပါရဲ့...သနားပါတယ်.....သိပ်ချစ်စရာကောင်းသည့်ခလေးလေးသူနဲ့တွေ့တိုင်း ရင်တွေခုန်လာရသည်။

အသက်ရှုနှုန်းတွေမြန်လာရသည်။တစ်ရက်ထက်တစ်ရက် သံယောဇဥ်တွယ်လာရပြီ...ဒီထက့်ပိုနီးစပ်ချင်မိသော်လဲ   ခလေးကအဖြူထည်လေးမို့  ထိန်းချုပ်နိုင်အောင်ကြိုးစားသော်လဲ ရင်ခုန်သံတွေကရပ်တန့်မသွားသည့်အပြင်ပိုပို၍သာတိုးလာတာကြောင့် ရှေ့ဆက်ဘယ်လိုများလုပ်ပါ့မလဲကွယ်.....

နုနုနယ်နယ်မျက်နှာလေးမှ ပါးပြင်လေးကိုထိမိလေတော့...
"အင်......အော်...အန်တီနိုးပြီလား..sorryပါနော် ဒါဒါစောင့်ရင်းငိုက်သွားတယ်...အန်တီသက်သာရဲ့လားဟင်...မသက်သာရင်ဆေးခန်းသွားမယ်လေ.......ထိမိလိုက်တော့နိုးလာသည့်ခလေးငယ်လေး ....

အိပ်ချငိမူးတူးလေးဖြစ်နေတာတောင် ချကိချင်းစိတ်ပူပြီးမေးပုံမှာအသည်းမခိုင်နိုင်အောင်ပြုစားနေသလိုပင်
"သကိသာပါပြီ...အိပ်ရေးဝဝအိပ်လိုက်တော့လေ လန်းသွားတာပဲသိလား  ဘေးကဒါဒါလေးတစ်ယောက်လုံးရှိတော့အားတွေပြည့်သွားတာပဲ   အန်တီအိပ်ပျော်တာစောင့်နေတာညောင်းနေမှာပေါ့.........

"ရပါတယ်...အန်တီသက်သာတယ်ဆိုရင်ပဲ ကျေနပ်ပါပြီနော်လို့”........သူ့ရဲ့ပြောပုံလေးကိုကြည့်ပြီးသဘောမကျပဲမနေနိူင်....

"ကဲအန်တီရေချိုးလိုက်ဦးမယ် သမီးလဲညောင်းနေတာနည်းနည်းအကြောလျော့လိုက်ဦး.. ပြီးရင်တို့နှစ်ယောက်အပြင်သွားရအောင်”.......

"အပြင်သွားလို့ဖြစ်ပါ့မလားအန်တီရယ်...အိမ်မှာပဲနားလိုက်ပါလားဟင်”.....

"သက်သာပါတယ်လို့ဆို...တကယ်တကယ်...ကဲမြန်မြန်ပြင်ဆင်..ပြီးရင်သွားမယ်...ဘာမှမမေးနဲ့တော့...သွားမယ်ဆိုသွားမယ်ပဲနော်.”...လို့ဇွတ်ပြောလိုက်တော့လဲ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့...”.....

လိုအပ်ချကိများစွာဖြငိ့...

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now