အီယူ့မေမေဆုံးပြီး တနှစ်အကြာတွင် အရာအားလုံးကဆက်လက်ဖြစ်တည်နေသည်။
အီယူက ကျောင်းသွားသည်။ P'Paoနဲ့Homက သာမန်အတိုင်း အလုပ်သွားသည်။တန်ဂနွေနေ့တိုင်း အိပ်ပြီး အပြင်ထွက်လည်ကာ အတူတူစားကြသည်။
သူတို့မောင်နှမသုံးယောက်က အဖေ့ကိုတော့ နေ့တိုင်း ဖုန်းဆက်ကြသည်။
အီယူက မေမေ မရှ်ိတော့ရင်တောင်မှ ရှေ့သို့ဆက်လျှောက်နေသည်။
သေဆုံးခြင်းက သဘာဝတရားပါပဲ။
အီယူ့ရဲ့နေ့စဉ် ဝတ္တရားတွေကပြောင်းလဲမသွားပါ။ဒါပေမဲ့ ဘယ်အရာကမှ အရင်နဲ့မတူတော့ဖူးဆိုတာ အီယူသိသော်လဲ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးတွေသာ ပေးရင်းနဲ့ ရှေ့ဆက်ဖို့ကြိုးစားခဲ့တာဖြစ်သည်။
အီယူကသာမန်လူတယောက်လိုအကောင်းဆုံး နေနိုင်ဖို့ကြိုးစားခဲ့ခြင်းဖြစ်သည်။
အီယူ့ကို မြင့်မားစေပြီး ချစ်ပေးဖို့ ဘယ်တော့မှ မပင်ပန်းတတ်တဲ့လူတယောက်ကိုလည်း အီယူ ဘယ်တော့မှ မငြီးငွေ့မိပါ ။
အဲ့လိုနဲ့ပဲ ကိုယ်ရောက်စေချင်တဲ့ အခိုက်အတံ့တွေကိုစောင့်နေလိုက်ပါ။
အီယူက မေမေ့ကိုပြန်တွေ့နိုင်မဲ့အချိန်ကိုစောင့်နေခြင်းဖြစ်သည်။
"congratulations အီယူ"
အီယူက လမ်းကိုဖြတ်ပြီး ထိုင်နေချိန်တွင် Toffeက ပန်းစည်းအသေးလေးကိုကိုင်လာပြီး ပြုံးပြီးပြောသည်။
"စာအုပ်ရောင်းကောင်းပါစေ"
အစထဲက အီယူ့ဘေးတွင်ထိုင်နေသော Crabကပြုံးသည်။
"အခုလဲ bestsellerဖြစ်နေပါပြီ၊ လူတယောက်ကို လေးအုပ် ငါးအုပ်ဝယ်သွားကြတာ"
တစုံတယောက်ရဲ့ ပိုက်ဆံကုန်ပေါက်ကိုတော့ ထည့်ပြောနေစရာမလိုတော့၊။
ကိတ်က စာအုပ်တွေကို တက္ကသိုလ်တခုလုံးလိုက်ဝေနေခြင်းဖြစ်သည်။
တော်တော် ပုံကြီးချဲ့လွန်းသည်။
"ကျေးဇူးပါ Crab"
အီယူကပြုံးပြီးပြောသည်။
"အများကြီးရောင်းဖို့မလိုပါဖူး၊ လူနည်းနည်းလေးက ဖတ်ပြီး ခံစားလို့ကောင်းတယ်ဆိုရင်အီယူ ပျော်ပါပြီ"
YOU ARE READING
အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%
FanfictionCake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။