Part - 38 [Unicode]

5.1K 453 35
                                    

ပိတ်ရက်မှာတောင် အပြင်ထွက်ဖို့ပြင်ဆင်နေသူအား သူဘယ်လိုမေးရမည်မသိ .. ညကလဲတညလုံးသူ့မှာအိပ်မပျော် .. တဖက်လူ၏တောင်းဆိုမှုအား ဒီကောင်မလေးဘယ်လိုတုံ့ပြန်မည်ဆိုတာ သူသိချင်လှသည် .. တမနက်လုံးပုံမှန်အတိုင်း နေနေသူကြောင့် သူ့မှာစိတ်အေးခဲ့ရသော်လဲ ညနေဘက်ရောက်ချိန် အပြင်သွားစရာရှိသည်ဆိုလာတာမို့ သူ့မျှော်လင့်ချက်တွေအကုန်လုံးပျက်စီးသွားရလေသည် .. ဘယ်ကိုသွားမည် . ဘယ်သူနှင့်တွေ့မည်ကို မေးရလောက်သည်အထိ သူသတ္တိမရှိသလို ထိုကောင်မလေးဆီကထွက်လာမည့် အလိမ်ညာစကားကိုကြားရဖို့ သူခံနိုင်ရည်မရှိ ..

"ညစာစားဖို့ သားကိုမစောင့်နဲ့တော့နော် သားနောက်ကျမလားမသိဘူး"

Suitစိမ်းပုတ်ရောင်ကို ဝတ်ဆင်နေသူဆီကထွက်လာသောစကား .. ဘာကိစ္စနှင့်သွားမည်ကိုအခုထိမပြောသေး .. မေဝင့်လွှာညီ လက်ထဲမှ ဆုပ်ကိုင်ထားသည့်ဖုန်းအား ပို၍အားထည့်လိုက်မိသည် .. သူ့ရင်တွေအခုန်မြန်နေသလို သူ့စိတ်က လွန်ဆွဲနေရသည် .. မေးလိုက်မိလို့သူထင်ထားသလို ထွက်လာမည့်အလိမ်စကားကိုသူမကြားရဲ ..

"အလုပ်တွေအရမ်းများနေလားမိုးသား"

အားတင်းပီးပြောလိုက်ရသည့် ဒီစကားလုံးလေးဟာသူ့အတွတ်သိပ်ကိုပင်ပန်းလှသည် ..

"မများပါဘူးလွှာရဲ့ ဧည့်သည်တယောက်နဲ့သွားတွေ့ယုံပါ"

"ဘယ်လုပ်ငန်းကလဲ လွှာသိတဲ့လူလား"

အရဲစွန့်ပီးမေးလိုက်သည့်အပေါ် သူ့ကိုယ်သူလဲအပြစ်တင်မိသည် .. မိုးသားအနေနဲ့သူ့အပေါ် အရာရာစွက်ဖက်တတ်သည့်သူဟုမြင်သွားမှာစိုးမိသည်မို့..

"အာ .. ‌လွှာ မသိတဲ့သူထဲကပါ .. သားအမြန်ပြန်လာခဲ့မယ်နော်"

အရင်ကဆို စကားတွေအများကြီးပြောတတ်သူက အခုတော့စကားလမ်းကြောင်းကိုလွှဲသွားသည် .. သွားလေရာကပ်တွယ်လိုက်တတ်ပီး သူသွားတိုင်းအမြဲခေါ်တတ်သူက လိုက်မလားဆိုသည့်စကားပင်မစ .. အနေထိုင်ရိုးရှင်းလှသူက အခုလိုပုံမှန်မဟုတ်တာသိပ်သိသာလှသည် .. ထိုပုံမှန်မဟုတ်ရခြင်း၏အကြောင်းရင်းမှာ ယောကျာ်းတယောက်ဆိုတာက မေဝင့်လွှာညီရင်ကိုနာကျင်စေရသည် .. သူ့မျက်နှာလေးနည်းနည်းပျက်ရင်တောင်မနေတတ်သူက အခုသူ့ရဲ့အပူမျက်နှာကိုတောင်သတိမထားမိတော့ဘူးလား ..

She [ သူမ ]Where stories live. Discover now