🌿🌿The Lengend of the blue sea
အပိုင်း(74) ဟုန်ဟုန်ကိုသူမဝမ်းနဲ့လွယ်ပြီးမွေးထားတယ်?
ပါးနီနီ နှာခေါင်းနီနီလေးနဲ့ အဲ့ကလေးမက သေချာကြည့်ရင် သူမငယ်ငယ်တုန်းကပုံစံအတိုင်းပဲ
ဒီကလေးလေးက သူမရဲ့သမီးအရင်းလဲမဟုတ်ပဲနဲ့ ဘာလို့ သူမနဲ့တပုံစံထဲတူနေမှန်းမသိဘူး
အဲ့အတွေးက ဖြတ်တိုက်သွားတဲ့လေပြေအတိုင်းပဲ ခနလေးသာ ခံစားလိုက်ရပြီး တခနအတွင်းမှာ ပျောက်ကွယ်သွားခဲ့တယ်
ဘာဖြစ်လို့လဲဆိုတော့ သူမက ကလေးမလေးရဲ့ချစ်စရာကောင်းမူ့မှာကျရှုံးသွားလို့ပါပဲ
"မေမေ သမီးနာမည်က ဟုန်ဟုန် "
"ဟုန်ဟုန်? အနီရောင်လား"
"ဟုတ် "
"ဒါဆို ရှောင်ဟုန်(အနီလေး)လို့ခေါ်မယ် "
"ဟုတ်"
ကလေးမလေးကို သူမကောက်ပွေ့လိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုအားရပါးရမွေးကြူလိုက်တယ်
ရှောင်ဟုန်ဆီက အကြည့်လွဲလိုက်တော့မှ သူမပတ်ဝန်းကျင်တခုလုံးပြောင်းလဲနေတာကိုတွေ့ရတော့တယ်
အားလုံးက သူမတိုက်ခိုက်နေတုန်းကနဲ့အတူတူပဲ ဒါပေမဲ့ သီးခြားခွဲခြားခံထားရသလို တိတ်ဆိတ်လို့နေတယ်
"ဒါက"
"သမီးရဲ့နယ်မြေလေ သီးသန့်နယ်မြေလို့ခေါ်တယ် နယ်မြေကိုဖွင့်လိုက်တာနဲ့ လူေတွကိုဖယ်ထုတ်နိုင်တယ် ဒါပေမဲ့သက်မဲ့တွေကိုတော့ထုတ်လို့မရဘူး"
"သက်မဲ့တွေကိုထုတ်လို့မရတော့ကောင်းတာပေါ့ ရတနာတွေကိုဟောဒီလိုကောက်သိမ်းလိုက်ရုံပဲ ဟီးဟီး ရှောင်ဟုန်က မေ့မေ့ရဲ့ကံကောင်းစေတဲ့ကြယ်လေးပဲ "
ရီနာနာက သူမခြေထောက်နဲ့ဓားတစ်ချောင်းကိုခတ်လိုက်ကာ လက်နဲ့ဖမ်းယူလိုက်ပြီး ဓားအိမ်ကိုချွတ်ကာ ရတနာစီခြယ်ထားတဲ့ဓားရိုးကိုအသာပွတ်ရင်းပြောလိုက်တယ်
"ဟီးဟီး သမီးလဲသိမ်းကူမယ်"
အဲ့တော့မှ ရှောင်ဟုန်ကလဲ ပြုံးလာပြီး ရတနာတွေကိုလိုက်ကောက်ကူတော့တယ်
KAMU SEDANG MEMBACA
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Fiksi Sejarahown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...