"ဖေဖေ သား.... ဟင် ကိုကို"
"ဖြေနိုင်ရဲ့လား ကလေးလေး"
"အွန်း ဖြေနိုင်တယ် ကိုကိုကဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
"အန်ကယ့်ဆီဖုန်းဆက်လိုက်တာလေ အဲ့ဒါနဲ့အန်ကယ်ကသူဒီနေ့ကျောင်းသွားကြိုရမှာဆိုပြီးပြောတာနဲ့ပဲ ကိုယ်သွားကြိုလို့ရမလားခွင့်တောင်းလိုက်တာ"
"အဲ့ဒါနဲ့ပဲလာကြိုတယ်ပေါ့ ဟီး"
"ဒါပေါ့ ကလေးကတကယ်ဖြေနိုင်တယ်လား?"
"ဖြေနိုင်တာပေါ့ သားက bioအရမ်းတော်တာ ပုံဆွဲလဲတော်တယ်လေ မေးခွန်းကလဲလွယ်တယ်... နေဦး ကိုကို့ကိုစိတ်ဆိုးနေတာ"
"ဘယ်သူကလဲ?"
"သားလေ, သားကိုတစ်ပတ်ကျော်ကျော်တောင်ပစ်ထားတယ် စာပို့တော့လဲပြန်မပို့ဘူး ဖုန်းခေါ်တော့လဲမကိုင်ဘူး"
"မင်းစာမေးပွဲရှိလို့လေ"
"အဲ့ဒါနဲ့ပဲပစ်ထားစရာလား သားကိုဖြေနိုင်အောင် အားပေးရမှာလေ"
"မသိဘူးလေ ကိုကိုငယ်ငယ်က စာမေးပွဲရက်ဆိုရင် စာအုပ်ကလွဲရင် ဘာကိုမှမကြည့်ဘူး ဘယ်သူ့ကိုမှလဲစကားမပြောဘူး အဲ့တော့ကလေးကိုလဲ အာရုံတွေမလွင့်စေချင်တာနဲ့ ဘာမှမပြောပဲနေနေလိုက်တာ"
"သားမှာစိတ်ပူလို့ ဖေဖေ့ကိုတောင်မေးရတယ် ကိုကိုရန်ကုန်မှာရောရှိရဲ့လားလို့ , ဖေဖေကလဲစိတ်ချရတာ မသိဘူးလေ ရှိရင်လဲရှိမှာပေါ့တဲ့"
"ကဲ ခုကိုယ်ရှိပြီလေ ဘာစားချင်လဲ ဘာလုပ်ချင်လဲ"
"ကစားကွင်းသွားချင်တယ် bubble teaသောက်ချင်တယ် ရေခဲမုန့်လဲစားချင်တယ် ကြက်ကြော်ရောပဲ pizzaလဲမေ့လို့မရဘူး ပြီးတော့..."
"ဟေး အပြင်စာတွေအများကြီးမရဘူး bubble teaတိုက်မယ် ခုနကဟာတွေထဲက 2မျိုးပေးစားမယ်"
"ကိုကိုကလဲ 2မျိုးတည်းလား?"
"1မျိုးဖြစ်ချင်လို့လား?"
"မဟုတ်ပါဘူး 2မျိုးဆိုလဲ ဗိုက်ဝတယ်ပြောမလို့ ဟီး"
"အင်း နေ့လည်စာကိုအပြင်မှာစားမယ်လေ ညစာကိုကိုယ်ချက်ကျွေးမယ် ကစားကွင်းတော့မသွားနဲ့ နေအရမ်းပူတယ် ကိုယ့်အဖြူကောင်လေးရဲ့အသားတွေနေလောင်ကုန်မယ်"
YOU ARE READING
A Nephophile
Художественная прозаA Nephophile. လောဘကြီးစွာနဲ့ပဲ တိမ်စိုင့်ကိုချစ်မယ့်သူဆိုတာ ကိုယ်တစ်ယောက်ပဲရှိချင်တာမို့ ကိုယ့်ဘာသာ A Nephophileလို့ခေါ်တွင်လိုက်တယ်။