ဦးခက်ထန်တို့ မြေးအဘိုး နှစ်ယောက်က ပွဲအခန်းထဲ ကို တခြားသူတွေထက် နောက်ကျမှ ဝင်ရောက်လာတာကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ပိုရရှိသွားသည်။
မင်းသခင်ခက်ထန်လေးကို လက်ဆွဲပြီး ဝင်လာတဲ့ ဦးခက်ထန် က မော်ကြွားစွာဖြင့် လျှောက်လှမ်းလေသည်။
မြင့်မားတဲ့ အရပ်အပြင် တည်ကြည်တဲ့ ရုပ်ရည်သွင်ပြင်က ကြည့်ကောင်းသည်ထက်ပိုသည်။ဆံပင်ကို နောက်ပြန်သိမ်းထားသည့် အခါ မျက်နှာကို ပိုမြင်ရသည်။အသက်၅၀ကျော်လို့ မထင်ရလောက်အောင် အသားအရည်တို့က တွဲကျနေခြင်းမရှိ။
အကုန်လုံးရဲ့ အာရုံက ခက်ထန် ဂိုဏ်းခေါင်းဆောင်နဲ့ ဆက်ခံသူ သခင်လေး ကို ကြည့်ပြီး ငယ်ရွယ်သော်လည်း ရဲရင့် တဲ့ ပုံပန်းသွင်ပြင်ကြောင့် ရှိန်ကြသည်။
မင်းသခင်ခက်ထန် ရဲ့ ခြေလှမ်းဖြူဖြူတွေက လျှောက်လမ်းမှာခင်းထားတဲ့ အမဲရောင် ကတ္ထီပါသားအပေါ် တစ်ချက်နင်းလိုက်တိုင်း ငယ်ရွယ်သော်လည်း ခြေလှမ်းတို့က သူ့အဘိုး နဲ့ အပြိုင်ပင်။
မိုးပြာရင့်ရောင် မျက်ဝန်းတို့က နူးညံ့သယောင်ထင်ရပေမဲ့ စူးရှပြီး အကြောက်တရားကင်းမဲ့သည့်အပြင် အမဲရောင် ဝတ်ရမဲ့ စည်းကမ်းချက်ကိုတောင် ရွဲ့ထားသကဲ့သို့ ဆန့်ကျင်ဘက် ဝတ်ဆင်ထားသည့် ကလေးငယ်ကို မြေခွေးတို့က ကောက်ကျစ်ပြီး စမ်းသပ်ဖို့ ပြင်ဆင်ကြပြန်သည်။
မင်းသခင်ခက်ထန်ဟာ စူးစမ်းလိုစိတ်ရှိသူပီပီ သူဟာ အရာရာကို သတိထားသည်။ စုဝေးပွဲထဲ စဝင်လိုက်တာနဲ့ သူ့ကို တခြားသူတွေထက်ပိုပြီး စူးစိုက်ကြည့်နေတဲ့ လူတစ်ဦးကို သတိထားမိသည်။
မျက်လုံးတစ်ဖက်က အတုထည့်ထားသယောင် တည်ငြိမ်နေပြီး တခြားတစ်ဖက်က လှုပ်ရှားနေတဲ့လူက တခြားကလေးတွေ အမြင်မှာ ကြောက်စရာကောင်းနေပေမဲ့ မင်းသခင်ခက်ထန်ကတော့ အဲ့ဒီ လူကိုသာ စူးစိုက်ကြည့်နေမိသည်။
ဦးခက်ထန်ကို အမြဲလိုက်ပြိုင်နေတဲ့ ခန့် ကတော့ သူ့အရှေ့က အချိုးမပြေတဲ့ ကလေးငယ်ကို တစ်စက်မှ ကြည့်မရ။သူ့လို လူကို မျက်လုံးချင်းဆုံကြည့်ရဲတဲ့ ကလေးဆိုလို့ ဒီကလေးပဲရှိသည်။

KAMU SEDANG MEMBACA
Min Tha Khin Khat Htan {S-2} {Completed}
Romansaချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...