ဒီနေ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် လွမ်းတစ်ယောက် ဘယ်မှသွားစရာမရှိသည့်အတွက် အပြည့်အဝအနားယူပြီး အိပ်ရာနောက်ကျမှထလိုက်သည်။
"မာမီ ဘာတွေချက်နေတာလဲ"
လွမ်း အိမ်အောက်ထပ်ဆင်းလာတော့ မာမီတစ်ယောက် မီးဖိုအခန်းထဲအလုပ်ရှုပ်နေတာတွေ့လိုက်ရ၍ မေးလိုက်မိသည်။
"ဒီနေ့ မာမီတို့ အရင်နေခဲ့တဲ့အိမ်နားက သားဒယ်ဒီရဲ့သူငယ်ချင်း ဦးမျိုးထိုက်မိသားစုကို သားဒယ်ဒီက ထမင်းစားဖိတ်ထားတယ် ဒါကြောင့် မာမီခုချက်ပြုတ်နေရတာ"
"အဲ့ကြောင့်လား သား ဘာဝိုင်းကူလုပ်ပေးရအုံးမလဲ မာမီ"
"ဘာမှလုပ်စရာမလိုပါဘူး သားငယ်က ဒီနေ့အလုပ်ပိတ်ရက်မလား အေးဆေးသွားနားနေ"
"ရတယ် မာမီတစ်ယောက်ဆို ပိုပင်ပန်းလိမ့်မယ် သားဝိုင်းကူလုပ်ပေးမယ်"
"အမယ်လေးနော် စကားလေးနဲ့တင် ဒီကမာမီက ကျေနပ်နေပြီ သွား သွား"
လူကို မီးဖိုအခန်းထဲကနေ မတရားတွန်းထုတ်နေတဲ့ မာမီကြောင့် လွမ်းခများ ဘာမှလုပ်စရာမရှိသည့်အတွက် အခန်းထဲကိုသာ ပြန်လာခဲ့ရသည်။သူ့အခန်းထဲရောက်တော့ Company စာရွက်စာတမ်းတွေနဲ့အတူတူစာရင်းဇယားတွေကို စာကြည့်စားပွဲတွင် ထိုင်၍ လေ့လာနေလိုက်၏။
"ဒေါက် ဒေါက် သားငယ်"
သူ့ဘယ်လောက်တောင် အလုပ်ထဲအာရုံစိုက်မိနေလဲမသိဘဲ မာမီရဲ့တံခါးခေါက်တဲ့အသံကြားမှ အလုပ်လုပ်နေရာကနေ ထပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
"မာမီ"
"သားငယ် အောက်ဆင်းခဲ့တော့ ဧည်သည်တွေလည်းရောက်နေပြီ နေ့လည်စာအတူတူစားရအောင်"
"ဟုတ် မာမီ သားခနနေ ဆင်းလာခဲ့မယ်"
သူ့ရဲ့မာမီအောက်ထပ်ဆင်းသွားသည့်နောက် လွမ်းလည်းရေချိုးခန်းထဲ ခနဝင်ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းလာခဲ့၏။
"သားငယ် လာ "
"ဟုတ် "
မာမီရဲ့ဘေးကနေ လွမ်းဘေးချင်းကပ်ထိုင်လိုက်မိသည်။
YOU ARE READING
ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)
Romanceခွန်းသက္ကရာဇ်စျာန်(ခ)နက် လွမ်းဟိန်းထက်မှူး Started date-19.10.2022 Finished date-10.2.2023