*mine part 7*

276 36 0
                                    

"ဂရိဒဏ္ဍာရီမှာ သုံးခဲ့တဲ့ဆေးပင်တွေအကြောင်း
ပြောပြမယ် အိုင်ရင်း နားထောင်ချင်လား"
"အင်း နားထောင်ချင်တာပေါ့"
"ပထမဆုံးတခုက olive သံလွင်ပင်
အသီနာနတ်ဘုရားနဲ့ သက်ဆိုင်နေတဲ့အပင်လေ ပိုဆိုက်ဒွန်နတ်ဘုရားနဲ့ အေသင်ကို အုပ်ချုပ်ဖို့
ယှဉ်ပြိုင်ကြတော့ ဇုနတ်ဘုရားက အကောင်းဆုံးလက်ဆောင်ပေးနိုင်သူကို အနိုင်ပေးမယ်ပြောတာနဲ့ ပိုဆိုက်ဒွန်က မြင်းလက်ဆောင်ပေးပြီး
အသီနာက သံလွင်ပင်ကို လက်ဆောင်ပေးတယ်
အဲ့ဒီအခါ အသီနာနတ်ဘုရားက အနိုင်ရရှိသွားတယ် အဲ့တာကို အိုင်ရင်းသိမှာပါ
ဆေးဘက်အသုံးအနေနဲ့ သံလွင်ပင်က အရိုးရောင်ရမ်းတာတွေကို သက်သာစေတယ်
သွေးဖိအားကို ကျစေတယ် ဦးနှောက်ကျန်းမာ ရေးကို ကောင်းမွန်စေတယ်
နှလုံးနဲ့သွေးကြောဆိုင်ရာကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်
ပူဒီနာ(ပူစီနံ)
Hades သေခြင်းနတ်ဘုရားက Minthe လို့ခေါ်တဲ့ Nymph တယောက်ကို ဦးစားပေးတာကြောင့် Demeter နတ်ဘုရားမက ဒေါသဖြစ်ပြီး သူမကို mint ပူဒီနာပင်အဖြစ်ပြောင်းလိုက်တယ်
Demeter က Hades ရဲ့အမျိုးသမီး Persephone ရဲ့မိခင်
ပူဒီနာကို ရှေးဟောင်းဂရိတွေက အစာအိမ်အူလမ်းကြောင်းပြဿနာတွေ ခန္ဓာကိုယ်အနံ့ဆိုးတွေနဲ့ ခံတွင်းအနံ့ဆိုးတွေသက်သာဖို့ အိပ်မပျော်တာတွေ‌သက်သာဖို့ သုံးခဲ့ကြတယ်
ယနေ့ခေတ်မှာဆိုရင် လေပြွန်ရောင်တာ ခေါင်းကိုက်တာ တုပ်ကွေးဖျားနာတာ လည်ချောင်းနာ ချောင်းဆိုးတာနဲ့ ကြွက်သားတွေနာကျင်တာကို သက်သာဖို့ သုံးကြတယ်
စမုံစပါး
Prometheus နတ်ဘုရားက Demigods တွေဆီကနေ မီးကိုခိုးယူဖို့ သုံးခဲ့တဲ့အပင်
သိပ္ပံနည်းကျစမ်းသပ်မှုတွေအရလည်း အစာခြေစနစ်ပြဿနာတွေကို သက်သာစေပြီး အစာစားချင်စိတ်ကို အားပေးတာ တွေ့ခဲ့ရတယ်
ဆီးရွှင်စေပြီး အရောင်ကျစေတဲ့အာနိသင်လည်း
ရှိတယ်
နောက်တခုက saffron ကုံကုမံ
ဒဏ္ဍာရီမှာ Krokos ဆိုတဲ့ကောင်လေးကို Hermes ကူးပြောင်းခြင်းနတ်ဘုရားက ချစ်ခင်တာကြောင့်
ကောင်လေးသေသွားတော့ နတ်ဘုရားက သူ့ကို ကုံကုမံပင်အဖြစ်ပြောင်းလိုက်တယ်
ကုံကုမံက စိတ်ကျခြင်းကို တိုက်ထုတ်ပေးနိုင်တယ်
ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အစာ‌ခြေစနစ်ကို ကူညီပေးတယ်
ကုံကုမံမှာ crocin, vitamins တွေနဲ့ antioxidants များစွာပါဝင်တာကြောင့်
ပြီးတော့.."

*mine*(complete)Where stories live. Discover now