"တော်လိုက်တာ အချစ်က"
"အချစ်"
ဆူးလ်ဂီမတ်တပ်တောင်ဆက်မရပ်နိုင်တော့လို့ ထိုင်ချလိုက်သည်။ ဂျူဟျွန်းကစကားလေးနှစ်ခွန်းနဲ့တင်
လူကိုရူးသွားအောင်လုပ်နိုင်တာပဲ။ စန္ဒယားတီးပြီးအနားကိုပြန်ရောက်လာတဲ့ဆူးလ်ဂီခေါ်တာ "အချစ်"တဲ့။"အင်း.. တစ်ခါလောက်ခေါ်ကြည့်ချင်လို့"
"အမြဲခေါ်လည်းရပါတယ်"
"လူလည်"
မျက်စောင်းလှလှလေးကကိုအပိုဆုရသည်။
ဒီအမျိုးသမီးကိုချစ်ရလွန်းလို့ခက်ရချည်ရဲ့။"ဒိုင်း....."
"ဘာဖြစ်တာလဲမသိဘူး။ ဂျူဟျွန်းဒီမှာနေခဲ့နော်"
"မသွားနဲ့ဆူးလ်"
ရုတ်တရက်ဆိုင်ထဲမှာရှိသည့်လူအားလုံးလည်း အကြောက်အလန့်ဖြစ်ကုန်သည်။ ကျယ်လောင်လှသည့်သေနတ်သံက ဆိုင်အတွင်းမှာကြားရခြင်းဖြစ်သည်။ ဆူးလ်ဂီတို့လူကွယ်ရာမှာထိုင်သောကြောင့် အဖြစ်အပျက်ကိုသေချာမသိရ။ ဆူးလ်ဂီသွားကြည့်မည်ဟုဆိုတော့ ဂျူဟျွန်းကတားသည်။
"ရှိတာအကုန်ထုတ်"
"ဂျပန်ပုလိပ်တွေ ဂျူဟျွန်း။ သေနတ်တွေပါပါတယ်"
"သူတို့တပ်ပြေးလုပ်ခဲ့ပုံပဲ။ ဒီလိုသင်တန်းသားရဲဘော်အဆင့်နဲ့သေနတ်ကိုင်ခွင့်မရှိဘူး"
ဂျူဟျွန်းကစေ့စပ်၍အခြေအနေကိုအကဲခတ်နိုင်သည်။
"သိပ်မကြာခင် သူတို့ကိုဖမ်းဖို့ဂျပန်တပ်တွေရောက်လာတော့မှာပါ"
"လူတွေအကုန်ဒီမှာစုကြစမ်း"
စားပွဲဝိုင်းတွေကိုထောင့်တွေသို့ကပ်လိုက်ပြီး အလယ်တွင်လူအားလုံးကိုစုခိုင်းသည်။ ဆူးလ်ဂီတို့အပါအ၀င်လူအယောက်နှစ်ဆယ်ကျော်ရှိပြီး အများစုဟာအမျိုးသမီးများဖြစ်သည်။
"ပါလာတဲ့ပိုက်ဆံတွေနဲ့ လက်၀တ်ရတနာတွေချွတ်"
တပ်ပြေးဖြစ်၍ဒီမြေကနေထွက်နိုင်ရန် ပိုက်ဆံလိုသည်။ လိုသည့်ငွေကိုဒီလိုနည်းဖြင့်ရှာသည်။ သေနတ်ကိုလည်းကျွမ်းကျင်စွာကိုင်တတ်ပုံမပေါ်။ ဆူးလ်ဂီတို့အနားသို့ ဂျပန်တစ်ယောက်ရောက်လာသောကြောင့် ဂျူဟျွန်းလက်ကိုဆူးလ်ဂီတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
YOU ARE READING
Bring My Soul To The Universe
Fanfictionဘေးဘီကိုလှည့်ကြည့်ပါဦး ဂျူဟျွန်းရဲ့... ဂျူဟျွန်းကြောင့်ငိုနေတဲ့ပန်းတွေကို တစ်ခါလောက်နှစ်သိမ့်ပေးလှည့်ပါဦးလား။ ချစ်ခြင်းမေတ္တာတွေကို မျက်ကွယ်ပြုထားတာသိပေမဲ့ ပန်းကလေးတွေအပေါ်တော့ မရက်စက်သင့်ပါဘူးကွယ်။