Story 3

2.7K 135 8
                                    

Unicode
................

လရိပ်ချို နိုးထလာတော့ မြင်လိုက်ရသည်က အဖြူရောင် မျက်နှာကျက်တစ်ခု။ ထို့အပြင် နှာခေါင်းတွင်းသို့ ဝင်ရောက်လာတဲ့ စူးရှရှဆေးရနံ့။ သူမခံနိုင်လောက်အောင် ပျို့ချင်သလို ခံစားလာရသည်။

ထို့နောက် အားပြုကာ ထဖို့အလုပ် အောက်ပိုင်းတစ်ခုလုံး မလှုပ်ရှားနိုင်တော့သလို ကြွက်သားများတောင်းတင်းလျက်ရှိသည်။ သူအနည်းငယ်လန့်သွားသော်လည်း သေရမဲ့လူသားက အောက်ပိုင်းသေတော့လည်း ဘာမှမထူးဘူးဟု ပြန်တွေးလိုက်ရင်း ထထိုင်နေလိုက်သည်။

သူသတိရလာသည်ကို အခန်းထဲဝင်လာသည့် သူနာပြုဆရာမလေးက မြင်သွားပီး ဆရာဝန်ကို အပြေးလေးသွားခေါ်သည်။ ထို့နောက် ငယ်ရွယ်တဲ့ဆရာဝန် တစ်ယောက်ဝင်လာပီး သူ့အားစမ်းသပ်မှုတွေလုပ်တော့သည်။

''ငါ့ညီ.... သက်သာရဲ့လား။ ဘယ်နားနာကျင်နေသေးလဲ''

''တစ်ကိုယ်လုံးပဲ နာတယ်''

'' ဟင်း.... ငါ့ညီကို အစ်ကိုခေါ်လာခဲ့တာ... လမ်းမှာလဲကျနေလို့လေ... ပီးတော့... ငါ့ညီကိုညကတစ်ယောက်ယောက် မဒိန်းကျင့်ခဲ့ပုံရတယ်။ အဲ့လူက ညီ့ကို အမှတ်အသားလည်း ပေးခဲ့ပုံပဲ''

မဒိန်း... ဟုတ်တာပေါ့... သူမဒိန်းကျင့်ခံရတာ... ဒါ့အပြင် အမှတ်အသားပါ ပေးခံလိုက်ရတာ။ သူမေ့ဖျောက်လို့မရတဲ့အရာတွေ အကုန် မျက်လုံးထဲပြန်ပေါ်လာပီး မျက်ရည်များစီးကျလာတော့သည်။ ဆရာဝန်လေးက သူ့ပုခုံးလေးကို ပုတ်ပေးပီး နှစ်သိမ့်လေသည်။

'' ကိုယ့်အထင်သူက ညီကို ယာယီအမှတ်အသားပေးချင်ပုံပဲ။ အဲ့ဒါကို မထိန်းချုပ်နိုင်ပဲ permanent အမှတ်အသားပေးလိုက်ပုံရတယ်။ ငါ့ညီဘယ်လိုလုပ်ချင်သလဲ။ အဲ့လူကို ရဲတိုင်ချင်လား။ အစ်ကို ဘာကူလုပ်ပေးရမလဲ။''

''.....ဟင့်..အင်း...ရွှတ်''

လရိပ်ချို ခေါင်းကိုသာ တသွင်သွင်ခါလျက် ရှိုက်ငိုနေလေသည်။ ဆရာဝန်အစ်ကိုလည်း ဘာမှမတတ်နိုင်ပဲ နှစ်သိမ့်ပေးယုံသာ တတ်နိုင်သည်။ ဘေးနားရှိ သူနာပြုဆရာမကလည်း စိတ်မကောင်းဖြစ်နေပုံရသည်။ အင်းလေ... ဘယ်အိုမီဂါမှ အလိုမတူပဲ မဒိန်းကျင့်ခံရတာ စိတ်အခြေအနေကောင်းနိုင်မည်နည်း။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ