အပိုင်း၁၁(Unicode)

186 7 0
                                    

"တောက်!!!"

ခေတ်နဲ့ဗညား တို့၂ယောက် နက် ရဲ့ Bee Club လာခဲ့ဆိုတဲ့အတွက်ကြောင့် ၂ယောက်သား လုပ်နေတဲ့လုပ်ငန်းတွေ ပစ်ချ၍ Bee Club ကို လာခဲ့လိုက်သည်။ဒီရောက်တော့ ဟိုကောင် နက် တစ်ယောက်က ဘယ်တုန်းအခါကမှ နေ့လည်ခင်းဘက် မသောက်ဖူးတဲ့ကောင်က သူတို့၂ယောက်မရောက်ခင်ကတည်းက သောက်နေလေရဲ့။ထို့အပြင် သူတို့၂ယောက်ကိုသာ ခေါ်ထားပြီး သူ့ဘာသာတစ်ခွက်သောက်လိုက် စိတ်တိုလိုက်ဖြစ်နေတဲ့ကောင်ကြောင့် ခေတ်နဲ့ဗညား ဒီတိုင်းထိုင်ကြည့်နေလိုက်သည်။

"ဟေ့ကောင် ငါ့တို့ကို ခေါ်ပြီး ဒီတိုင်းထိုင်ကြည့်ခိုင်းဖို့ ငါ့တို့အလုပ်တွေအကုန် ပစ်ချကာ မင်းဆီလာရတာလား ခွန်းသက္ကရာဇ်ဈာန်"

မနေနိုင်တဲ့အဆုံး ဗညားပြောလိုက်တော့၏။မဟုတ်ရင် သူ့တို့ကို ဒီတိုင်းထားပြီးသောက်နေတဲ့ကောင်က သူတို့ကိုရှိတယ်လို့ကိုမထင်ဘဲ ဇွတ်သောက်နေတာက မကြာခင် ခွေးဖြစ်တော့မည်။

"မင်းတို့စဉ်းစားကြည့်ကွာ သူ့ရဲ့ခန္ဓာကိုယ်ကို အဲ့ကောင်က ထိန်းစရာလိုလို့လား"

တစ်ခွက်မေးသောက်ပြီး ပြောလာတဲ့  နက် စကားကြောင့် ဟို၂ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိလေ၏။ဘာကြောင့်ဆို နက် ပြောတဲ့စကားကို နားမလည်သောကြောင့်ဖြစ်သည်။

"လွမ်းဟိန်းထက်မှူး ငါ့က သူ့ကို အလုပ်ကိစ္စတွေကြောင့် စိတ်ရှုပ်နေမှစိုးလို့ ဒီနေ့အပြင်သွားဖို့ သွားခေါ်တာကို ကောင်တစ်ကောင်ရဲ့ရင်ခွင်ထဲရောက်နေပြီး အကြည့်စိုက်နေတာ "

သူ့ဘာသာမကျေနပ်တာတွေပြောပြီး ထပ်သောက်လိုက်ပြန်သော နက်။စောစောကအထိ နားမလည်သော ခေတ်နဲ့ဗညားတို့ ခုမှဘာဖြစ်တယ်ဆိုတာ သဘောပေါက်တော့သည်။

"ဘယ်သူလဲ နက် "

သိရဲ့သားနဲ့ကို ဗညားက ထပ်မေးလိုက်လေ၏။

"ဘယ်သူဖြစ်ရမှလဲ လွမ်းဟိန်းထက်မှူး"

"အကိုလွမ်းက ဘာဖြစ်လို့ မင်းက အဲ့လောက် ဒေါသထွက်နေရတာလဲ"

"အော် ခေတ်ရယ် မင်းအနေလိုက်တာ အကိုလွမ်းက ကောင်လေးတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်နေလို့တဲ့"

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Tahanan ng mga kuwento. Tumuklas ngayon