Yan Yan ပုံမှန်နေ့တွေအတိုင်း မနက်စာစားနေရင်း မင်းသားရဲ့ သည်တစ်နေ့တာ အချိန်ဇယားကို ပြန်လည်စစ်ဆေးနေလေသည်။အချိန်ဇယားအတိအကျကို စိတ်ထဲမှတ်သားလိုက်ပီးချိန်တွင်တော့ မနက်စာစားခြင်းကိုပါ လက်စသပ်လိုက်ပီဖြစ်သည်။ထို့နောက် လက်ကနာရီကို တစ်ချက်ပင့်ကြည့်လိုက်တော့ 07:15AM ဖြစ်နေပြီ။ ဒီအချိန်ဟာ သူအိမ်ကနေစတင်ထွက်ရတော့အချိန်ပင်ဖြစ်လေသည်။ ထို့နောက် ပြုပြင်စရာရှိသည်များကို စနစ်တကျပြင်ဆင်လိုက်ပီးနောက် အိမ်တံခါးကို ဆဲွဖွင့်ချိန်မှာပဲ ဖုန်းသံက မြည်လာတာမို့ ထုတ်ကြည့်လိုက်တော့ မင်းသား။
“ဟယ်လို မင်းသား”
တစ်ဖက်မှ ဝမ်ရိပေါ်က အိပ်ခန်းရှိရာဆီ တစ်ချက်ဝေ့ကြည့်လိုက်ရင်း
"အင်း•••Yan Ge၊ ဒီနေ့ အချိန်ဇယား ဖျက်ပေးလို့ရမလား”
"ဘာဖြစ်လို့လဲ မင်းသား၊ နေမကောင်းဘူးလား”
"မဟုတ်ဘူး၊ ကွျန်တော် လုပ်စရာလေးရှိနေလို့”
"တစ်ခြား အချိန်ဇယားတွေရပေမယ့် တစ်ခုကတော့ ဒီနေ့လုပ်ရမှ ဖြစ်ပါမယ်”
"ဘာအတွက် အချိန်ဇယားလဲ Yan Ge”
“ Being A Hero drama အတွက် ဒါရိုက်တာနဲ့ ညနေ့ သုံးနာရီမှာ တွေ့ရဖို့ပါ”
ဝမ်ရိပေါ် ခနမျှစဉ်းစားပီးတဲ့နောက်
"ဟုတ်ပီလေ•••အဲ့ဒီအတွက်ချန်ပြီး ကျန်တာအကုန် Cancel ပေးပါ”
“ဟုတ်ကဲ့ မင်းသား•••ကွျန်တော် အဲ့ဒီကို လာပေးဖို့လိုသေးလား”
ဝမ်ရိပေါ် အိပ်ခန်းဆီကနေ အကြည့်မရွေ့ပဲ
"မလာနဲ့တော့Yan Ge ကွျန်တော် ကြည့်လုပ်လိုက်မယ်”
"ဟုတ်ကဲ့ •••ဒါဆို မင်းသားမှာစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ်”
တစ်ဖက်က Yan Ge ဖုန်းချသွားမှသာ အိပ်ခန်းဆီက အကြည့်တို့ကို သိမ်းလိုက်ပြီး မနက်စာပြင်ဆင်ခြင်းအမှုကို ဆက်လုပ်ရသည်။လူမမာ အားရှိစေဖို့ရာ ကိုယ်တိုင်မချက်တတ်တာမို့ အပြင်ကနေပဲလှမ်းမှာထားရသည်။
ညတုန်းက ရှောင်းအခြေအနေကို စိုးရိမ်မိတာမို့ သူ့ personal doctor ကိုပါ လှမ်းခေါ်ရတဲ့အထိ ဖြစ်သွားရသည်။ သူလဲ တစ်ညလုံးမအိပ်ရသေးတာရယ်၊ ဒီရက်ပိုင်း ရိုက်ကူးရေးပင်ပန်းတာရယ်ကြောင့် ရှောင်းဘေးမှာ ဝင်လဲှပြီး အိပ်ပျော်သွားခဲ့တာဖြစ်သည်။ ညဦးပိုင်းက တစ်ခေါက် နိုးလာပြီး ရှောင်းအခြေအနေကို ထကြည့်ရသေးသည်။ ထို့နောက် ဒဏ်ရာကို ဆေးထည့်ပီး ပတ္တီးအသစ်လဲပေး၊လူကိုလဲ ရေပတ်တိုက်ပေးလိုက်သည်။ရှောင်းအတွက် အကုန်လုပ်ပေးပီးကာမှ တစ်ယောက်တည်း ညစာစားရသည်။ ထို့နောက် ဌာနဆိုင်ရာ ခေါင်းဆောင်အသီးသီးမှ ပို့ပေးထားသော လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်များကို စီစစ်ဆုံးဖြတ်ပေးပြီးသောအခါ အချိန်မှာ ည ၁၁နာရီပင် ရှိနေခဲ့ပြီဖြစ်သည်။အိပ်ရာက ကျယ်တာမို့ ရှောင်းဘေးမှာပဲ ဝင်လဲှလိုက်တော့သည်။ ငြိမ်သက်နေသောသူကို ငေးနေမိရင်း ရှောင်းရဲ့ ညာဘက်လက်ကိုဆဲွယူလိုက်ကာ သူ့ရဲ့ဘယ်ဘက်လက်နှင့် လက်ချောင်းတွေချင်းယှက်ကာ တဲွထားလိုက်သည်။ဒီရက်တွေအတွင်း လစ်ဟာမှုဟာ အခုမှပင် ပြည့်စုံသွားရတာပင်။သူကသာ တစ်နေ့တာ လှုပ်ရှားဖြစ်ပေမယ့် ရှောင်းကတော့ မနေ့တည်းကနေ အခုထိ တစ်ချက်လေးတောင် နိုးမလာခဲ့တော့။ အတော်လေး ရှော့ခ် ရသွားဟန်ရှိသည်။