🌿လေပြေနမ်းရှိုက်တဲ့မမရဲ့ရင်ခုန်သံလေးအပိုင်း(9)
"ခေါင်းပေါ်မှာရောက်နေတဲ့ သစ်ရွက်လေးဖယ်ပေးမလို့ မလှုပ်နဲ့ ငြိမ်ငြိမ်နေ "
သူရှေ့ကိုတလှမ်းထပ်တိုးလိုက်တယ်
ပြီးတော့လက်လှမ်းကာ သစ်ရွက်လေးကိုဖယ်လိုက်တယ်
အဲ့အချိန် သူ့လက်တွေအေးစက်တုန်ယင်နေတာကို သူပဲအသိဆုံး
ဘင်ခရာအဖွဲ့တီးနေသလို နားထဲမှာရော ရင်ထဲမှာရော နှလုံးသားထဲမှာပါ သူ့ရဲ့ကိုယ်ပိုင်ရင်ခုန်သံကို ပြန်ကြားနေရတယ်
ဒီလိုအချက်အလက်တွေအရသေချာတယ် သူမလေးကို သူ ချစ်နေမိပါပြီ
သူမကတော့ တည်ငြိမ်နေနိုင်သူကြီးပါပဲ
ငြိမ်ငြိမ်လေးနေပြီး မလှုပ်ခဲ့ဘူး
သစ်ရွက်ကိုဖယ်ရင်းနဲ့ သူ့လက်တွေက သူမဆံပင်တွေကိုထိမိသွားတော့ အဲ့ရေလှိုင်းတွန့်ဆံနွယ်လေးတွေက ကတ္တီပါသားလေးလိုပဲ နူးညံ့နေပြီး အရမ်းကိုထိတွေ့လို့ကောင်းတယ်
"ပြီးပြီလား"
"အင်း"
"ကျေးဇူးပဲ"
"ရပါတယ်"
သူမပြုံးလိုက်တယ် ပြီးနောက်ဆက်လျှောက်သွားတယ် သူလဲ သူမနဲ့အတူ လိုက်လျှောက်နေပေမဲ့ ပြောစရာစကားကရှိမနေဘူး
"ဒါနဲ့ ရှင်က ကျောင်းမှာတော့ အရမ်းကွဲပြားသွားတယ်နော် ဘာလို့လဲ "
"မင်း တကယ်သိချင်တာလား "
"အင်းပေါ့ ဒါပေမဲ့ ပြောမရတဲ့ကိစ္စကြီးကြီးမားမားရှိနေတယ်ဆိုလဲ မပြောလဲရပါတယ် "
"တကယ်တေ့ာ ကိုယ်က လူကုံထန်တွေကိုမုန်းတဲ့ရောဂါရှိတယ်လေ အဲ့ဒါကလဲ ကိုယ့်အမေကြောင့်ဖြစ်တာပေါ့ ကိုယ့်က အဖေမပေါ်ပဲမွေးလာတာလေ ဟိုတယ် ဧည့်ကြိုလုပ်နေတဲ့အမေ့ကို သူဌေးတစ်ယောက်က မျက်စိကျသွားပြီး မန်နေဂျာနဲ့ပေါင်းကြံတယ် အဲ့နောက်တော့ ကိုယ့်ကိုရလာခဲ့တာပဲ အဲ့သူဌေးက ဘယ်သူဆိုတာလဲမသိသလို အမေကိုလဲ အဲ့ဖြစ်ရပ်ကအရမ်းရှက်စရာကောင်းလို့ အသိုင်းအဝိုင်းကလက်ညိုးဝိုင်းထိုးခဲ့ကြလို့ သတ်သေလုနီးပါးဖြစ်ခဲ့တယ် စိတ်လဲမမှန်တော့ဘူး အဲ့လိုကလေးတစ်ယောက်ကို အမေက ဘယ်ချစ်နိုင်ပါ့မလဲ ဒါကြောင့်ပဲ ကိုယ်က မိဘမဲ့ဂေဟာရောက်သွားလိုက် စိတ်ပြန်မှန်တဲ့အခါ ပြန်လာရှာလိုက်နဲ့ ဟားဟား မိဘမဲ့ဂေဟာဆယ်ခုကျော်လောက်တောင် ကိုယ်ရောက်ဖူးတယ် တခါက ကိုယ်လူကုန်ကူးခံရတော့မလိုတောင်ဖြစ်သွားသေးတယ် တော်သေးတာက ရဲတွေအချိန်မှီရောက်လာလို့ပေါ့ ဒါကြောင့်ပဲ အမေ့ကိုကြည့်ရင်း သူဌေးေတွကိုရွံရှာလာခဲ့တော့တာပဲ အဲ့ဒါက ကိုယ့်ရဲ့စိတ်ဒဏ်ရာပဲပေါ့ "
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...