အပိုင်း ( ၁၇)

73 4 0
                                    

"ဟိုတစ်ဖက်ကတရားဒေသနာ   အာရုံဦးရဲ့ငြိမ်းချမ်းမှုလေလား ..ပူလောင်ကျွမ်းတဲ့ နှလုံးသား ကိုယ့်အသည်းကို ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ” ...နဒီမင်္ဂလာသီချငိးသံလေးကို

ခြံထဲဆင်းရင်းကြားလိုက်ရတာကြောင့် ကြည့်လိုက်ရာ အန်တီကလျာ့ဖွင့်ထားခြင်းပင်....

"ဟာ...အန်တီ မနက်အစောကိုပန်းပင်တွေရေလောင်းနေတာလား”.... မေးတာကိုအန်တီမှလှည့်ကြည့်ပြီး...

"သစ်ခွလေးတွေကိုအားဆေးဖြန်းပေးနေတာပါကွယ်...တခြားအပင်လေးတွေလဲလိုတာလေးတေွပြန်လုပ်နေတာပါ...ဒါနဲ့သမီးဒီနေ့ကျောင်းမသွားဘူးလား”...    လုပ်လက်စအလုပ်ကိုလုပ်ရင်းဒါဒါ့ဘက်ကိုလှမ်းပြီးမေးလေသည်။

"ဟုတ် ဒီနေ့နားတယ်..အန်တီကလျာကရော အလုပ်မသွားဘူးလားဟင်”

"မသွားဘူး သမီးရဲ့ သမီးတို့ဖွားမေကမနက်ကအိပ်ယာထထခြင်းနေလို့သိပ်မကောင်းဘူးဆိုတာနဲ့     ဆရာ့ကိုဖုန်းဆက်ထားတာ လာမယ်ဆိုတာနဲ့အန်တီလဲမသွားတော့တာ အလုပ်မှာကသက်သက်လဲရှိနေတော့ စိတ်ချရတယ်လေ.. ဒါဒါ...အန်တီ့ကိုဒီအိုးလေးမကူပေးဦး.”...

"ဟုတ်ဟုတ်...ဖြေးဖြေးမနော်အန်တီ  ခါးနာသွားမယ်   ဒီနားမှာချရမှာလား”.....

"ဟုတ်ပြီ...ဒီနားချမယ်....ဖြေးဖြေး..ok ရပြီ.”.....
နှစ်ယောက်သား ပန်းအိုးကိုမပြီးရွေ့လိုက်ကြသည်။

အိုးကိုနေရာချပြီး အိုးထဲမှမြေကြီးများကိုလဲတူးဆွနေသေးသည်။ဒါဒါလဲနားမလည်တာနှင့် ဘေးတွင်ဝင်ထိုင်လိုက်ပြီးကြည့်နေရာ...

လိုအပ်ချကိများစွာဖြငိ့....
  

ပန်းတစ်ပွင့်ဒိုင်ယာရီWhere stories live. Discover now