Unicode
အကြောင်းအရာ __ထူးဆန်းတဲ့နေ့၊ ထူးဆန်းတဲ့ ခံစားချက် ။
"အတွင်းရေးမှူးယွဲ့ ရှော့ပင်းမောလ်ဘက် တစ်ချက်လောက် သွားစစ်ရအောင်"
"ကျွန်တော် တာဝန်ခံကိုလှမ်းအကြောင်းကြားထားလိုက်ရဦးမလား ဘော့စ်"
"မလိုဘူး... တန်းသွားမယ် "
"နားလည်ပါပြီ "
ရှောင်းကျန့်ရဲ့ စီးပွားရေးတွေက
အတော်လေး များ၏။ စျေးဝယ်
စင်တာတွေနှင့် ရှယ်ရာစျေးကွက်တွေဘက်မှာ ဟိုးအရင်ကတည်းကပင် ရှောင်းမျိုးရိုးက အခြေကုတ်ရထားပြီးသား။ အခု ရှောင်းကျန့်လက်ထက်မှာတော့ ဖျော်ဖြေရေးဘက်ကိုပါ ရှောင်းကျန့်က ခြေလှမ်းဝင်လာ၏။ သူ့Entertainmentကနေ အခုလက်ရှိ ရေပန်းစားနေတဲ့ သရုပ်ဆောင်ချက်တွေရှိနေတဲ့အပြင် ဒီနှစ်မှ ပွဲဦးထုတ်ပေးထားတဲ့
boy groupကလည်း အတော်အသင့်အောင်မြင်မှုရှိနေကာ လူငယ်တွေကြား စိတ်ဝင်စားမှုအခိုင်အမာရထားလေသည်။
ဒီလတွေထဲ Entertainment ဘက်ကိုပဲ အာရုံစိုက်ထားမိလို့ Shopping Mallsတွေကို စစ်ဆေးဖို့လိုလာ၏။ကားပေါ်မှာ ရှိနေတဲ့တစ်လျှောက်
ဝမ်ရိပေါ်အကြောင်းက ရှောင်းကျန့်ခေါင်းထဲရောက်လာသည်။ သူ ဝမ်ရိပေါ်နှင့် သေချာ မဆွေးနွေးရသေးလို့သာ။ အကယ်၍များ
ဒီကောင်လေးက အနုပညာလမ်းကြောင်းကို တကယ်လျှောက်ချင်တယ်ဆိုရင် သူက အစွမ်းကုန်ထောက်ပံ့ပေးမှာပင်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်ရလို့ဆိုပြီး သူ့အိပ်မက်တွေကို လက်လွှတ်လိုက်ရတာမျိုး မဖြစ်စေချင်ပေ။ ကောင်းတဲ့လမ်းကြောင်းကို ရွေးချယ်နေသရွေ့
ရှောင်းကျန့်က ဝမ်ရိပေါ်ကို တားမြစ်ပိတ်ပင်တာမျိုးလုပ်မှာမဟုတ်။ သူသွားချင်တဲ့ လမ်းကြောင်းက ရှိမနေသေးဘူးဆိုရင်လည်း ရှောင်းကျန့်ကဝမ်ရိပေါ်အတွက် ထိုလမ်းကို ဖောက်ပေးလိုက်မည်။ အဓိက က
ထိုကောင်လေးပျော်ဖို့နှင့် သူ့အိပ်မက်တွေကို ဖမ်းဆုပ်နိုင်စေဖို့ပင်။(from 'ဗီး'- ကိုကိုက ဝမ့်အတွက် အကုန်ကြိုတွေးပေးပြီးသားနော် အားကျ🤧)
"ရောက်ပါပြီ ဘော့စ် "
အတွင်းရေးမှူးယွဲ့စကားကြောင့် လွင့်မျော နေတဲ့အတွေးတွေကို ပြန်သိမ်းကာ ကားပေါ်ကနေ ဆင်းလိုက်၏။
YOU ARE READING
သမီးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာလွယ်ကူမနေဘူး!!
Fanfictionနေရင်းထိုင်ရင်း သမီးတစ်ယောက်နှင့်ယောက်ျားတစ်ယောက် ကောက်ရလိုက်ပြီးနောက် ဘဝကြီးက ကမောက်ကမတွေစဖြစ်တော့တာပါပဲ😑😑😑