အခန်း ၂၁၉

1K 89 1
                                    

အခန်း ၂၁၉။

ကိုယ်မင်းရဲ့ အိမ်အပြင်ဖက်မှာ ရောက်နေပြီ

“ရှင်ကျွန်မကို သစ္စာဖောက်ပြီးတဲ့ အချိန်မှာတောင် ရှင့်ကို ကျွန်မ ယုံကြည်ဦးမယ်လို့ ဘယ်လိုလုပ် မျှော်လင့်နိုင်တာလဲ”

ရှင်းဟယ်က စိန်ခေါ်လိုက်သည်။

“ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲလေ”

အယ်ချန်းက နှုတ်ခမ်းဆူကာ ပြန်ညည်းလိုက်သည်။

“ရို့ပင်းဖက်မှာ နေနေတာ မဟုတ်ဘူး။ ဒါပေမဲ့ နင့်ကို ကူညီပြီး ဒီဇိုင်းပြီးအောင် လုပ်ပေးခဲ့တယ်လေ။ အဲဒါက ငါရဲ့ သစ္စာရှိမှုကို သက်သေပြရာ မရဘူးလား။ မင်းရဲ့ မေးခွန်းတိုင်းကို ငါမဖြေခဲ့လို့လား။ ငါဘာကိုမှ ထိန်ချန်စရာ မရှိဘူး”

“ငါ့ရဲ့ ဒီဇိုင်းကို သူ ခိုးနိုင်အောင် ကူညီပေးလိုက်တဲ့ အချက်ကို မေ့သွားတာလား”

“အဲတာတော့ မသေချာဘူး။ ဘာလို့လဲဆိုတော့ ငါသူ့ကို ပေးလိုက်တဲ့ ဒီဇိုင်းက အတုပဲ ကျိန်ရဲတယ်”

ရှင်းဟယ်၏ နှုတ်ခမ်းက အပြုံးတစ်ပွင့် အဖြစ် ကွေ့တက်သွား၏။

“ပြင်ထားထား မပြင်ထားထား ဘယ်လိုပဲ ဖြစ်ဖြစ်။ ရှင်သူ့ကို ပေးလိုက်တဲ့ ဒီဇိုင်းက အတုဖြစ်နေသေးတုန်းပဲ”
အယ်ချန်းက မှင်သက်သွားမိ၏။ ရှင်းဟယ်ဆိုလိုသည့် အမှန်တရားကို ဖြည်းဖြည်းချင်း သဘောပေါက်သွားတော့သည်။ သူက ညည်းတွားပြောဆိုလိုက်၏။

“ဒီတော့ မင်းက တစ်လျှောက်လုံး ငါ့ကို သတိထားနေခဲ့တာပဲ”

“အမှန်တကယ်လည်း ကျွန်မလုပ်တာ မှန်တယ်ဆိုတာ လက်တွေ့က သက်သေပြသွားတာပဲလေ”

ရှင်းဟယ်က ဖိပြောလိုက်ရာ အယ်ချန်းသည် ရှက်ရွံ့မှုကြောင့် တိတ်ဆိတ်သွားတော့၏။ သို့သော် သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်က မြန်မြန်ဆန်ဆန် ပေါ်ထွက်လာတော့သည်။

“မင်းတွေ့သွားနဲ့။ သူ့ကို ကျော်ပြီး မင်းကို ရွေးလိုက်တဲ့ ငါ့ရဲ့ ရွေးချယ်မှုကို သက်သေပြနေတာပဲ။ မင်းက ပိုပြီး ထက်မြက်တယ်။ သူ့ထက်လည်း ပိုပြီးသတိရှိတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ရတာအတွက် နောင်တ မရဘူးလို့ ကတိပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းဆီ တွယ်ကပ်ထားဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးပြီ”

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now