အပိုင်း၁၂(Unicode)

171 6 2
                                    

"ဟိန်းရေ မင်းကို လူတစ်ယောက်က တွေ့ချင်လို့ဆိုပြီး Reception မှာ စောင့်နေတယ်"

Companyအောက်ကနေပြန်လာတဲ့ အမယမင်းက လွမ်းကိုပြောလာတော့။

"အမယမင်း ဘယ်သူလဲ"

"မသိဘူး နင်ကိုတွေ့ချင်တာတဲ့"

တုနှိုင်းကာရံဆိုရင် သူ့ဆီကိုပဲတန်းတန်းမတ်မတ်လာတတ်လေ၏။ခုReception တွင် စောင့်နေတယ်ဆိုတော့ တုနှိုင်းကာရံမဖြစ်နိုင်ပေ။အရင်ထပ်ပိုပြီး တုနှိုင်းကာရံနဲ့ရင်းနှီးနေသည့်ကြောင့် တစ်ခါတစ်လေ ဒယ်ဒီCompanyကို လုပ်ငန်းကိစ္စဖြင့်လာရင် လွမ်းဆီ ခနလာတတ်သော တုနှိုင်းကာရံပင်။

သူ့ဆီလာဖို့လူဆိုတာက တုနှိုင်းကာရံအပြင် ဟိုတစ်ယောက်ပဲရှိ၏။ဟိုတစ်ယောက်ကတော့ လုံးဝမဖြစ်နိုင်ဘူးဟူ၍ လွမ်းထင်မိသည်။ဘာလို့ဆို အဲ့နေ့ညလာပြီးကတည်းက သူ့ဆီမလာသလို အိမ်လည်းမလာဘဲ ပျောက်ချက်သားကောင်းနေလေရဲ့။

"အမ ကျွန်တော်ကို တွေ့ဖို့လူရောက်နေတယ်ဆိုလို့"

"ဟိုနားလေးထိုင်နေတဲ့ တစ်ယောက် မောင်လေး"

Receptionကအမညွှန်းပြတဲ့နေရာကြည့်မိလိုက်တော့ သူ့ကနောက်ကနေကြည့်တာဖြစ်သည့်ကြောင့် နောက်ကျောကိုပဲမြင်ရလေ၏။တစ်ကိုယ့်လုံးအနက်ရောင်တြွေဖင့်ဝတ်တင်ထားတဲ့သူက သူ့မမျှော်လင့်ထားတဲ့သူဖြစ်နေတာလား။

"နက် "

သူ့ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့သူကြောင့် လွမ်း အံ့သြသွားရသည်။ဘယ်တုန်းအခါကမှ သူ့ဆီမလာဖူးတဲ့ ခွန်းသက္ကရာဇ်ဈာန်ဖြစ်နေသောကြောင့်ပင်။

"ခင်ဗျားရောက်လာပြီ "

"အင်း ငါ့ဆီလာတာဆိုတော့ တခြားသူမှတ်နေတာ မင်းလို့မထင်ဘူး"

လွမ်းပြောလာတဲ့စကားကြောင့် နက် မျက်မှောင်ချက်ချင်းကျုံလိုက်မိသည်။သူ့အပြင် လွမ်းဟိန်းထက်မှူးဆီ လာမယ်သူအခြားတစ်ယောက်ရှိသေးတာလား။

"ဘာကိစ္စလဲ နက်"

ဘာမှမပြောဘဲ တဖြည်းဖြည်းမျက်မှောင်ကျုံလာတဲ့ နက်ကြောင့် လွမ်း မေးခွန်းဆက်ထုတ်လိုက်သည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Donde viven las historias. Descúbrelo ahora