September 5,2017
Mateo Torrez
12:22am

Death-Cast က ဘဝသက်တမ်းနဲ့ ပတ်သတ်ပြီး သတိပေးလာခဲ့ပြီ ။
ကျွန်တော် ဒီနေ့ သေရတော့မယ်... ထားလိုက်စမ်းပါ...'warning' ပေးတယ်ဆိုတဲ့ စကားလုံးက ကြမ်းတယ် ။ ဒါက ​ရှောင်ရှားဖို့ လိုတဲ့ အရာတွေကို အကြံပေးရုံလောက်လေးပဲ ။ ဥပမာ လူတစ်ယောက် လမ်းဖြတ်ကူးတဲ့အချိန် ကားတွန်းတီးလိုက်သလိုမျိုးပဲ ။ မတိုက်မိအောင်လေ...သူ နောက်ပြဆုတ်ဖို့ အခွင့်အရေး ရှိသွားတာပေါ့... ကံကောင်းတာပဲဆိုတာထက် ပိုပါတယ် ။ ကျွန်တော် လုံးဝကို ဗြောင်းဆန်နေပြီ... အတွေးပေါင်း သောင်းခြောက်ထောင်က ခေါင်းထဲ ချက်ချင်း ရောက်လာကြပြီ ။ ဘယ်လို ပရန်းပဆာဖြစ်နေသလဲဆို skydiver တစ်ယောက် ပထမဆုံးလေယာဥ်ပေါ်ကနေ ခုန်ဆင်းချမယ့်အတိုင်းပဲ... ဒါမှမဟုတ်လည်း စန္ဒယားပညာရှင်တစ်ယောက် သူရဲ့ ပထမဆုံး concert ကို ဖျော်ဖြေတော့မယ့်အတိုင်းပဲ... ကျွန်တော် အတပ်သိတာတော့ ဘယ်ဟုတ်လိမ့်မလဲ ။

ရူးလိုက်တာ...လွန်ခဲ့တဲ့ တစ်မိနစ်ကမှ Countdowners မှာ တင်ထားတဲ့ သူတို့ရဲ့ မနေ့က blog ကို ဝင်ဖတ်နေခဲ့တာ ( Decker တွေ သူတို့နောက်ဆုံးချိန်ကို ဘယ်လို ဖြတ်သန်းခဲ့ကြသလဲဆိုတယ သူတို့တင်ထားတဲ့ ဓာတ်ပုံတွေကနေတစ်ဆင့် သိနိုင်တဲ့ နေရာလေ ၊ တစ်ယောက်ဆိုရင် သူ့ golden retriever အတွက် နေစရာအိမ်ရှာဖို့ ခရီးထွက်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက် အကြောင်း ရေးတင်ထားတာ)
နောက်ကျ ခု ကျွန်တော် သေရတော့မယ် ။

ကျွန်တော် သေ...မဟုတ်ဘူး...ဟုတ်တယ်...ကျွန်တော် သေရတော့မှာ ။

ကျွန်ဆော့ရင်တွေ တင်းကျပ်လာတယ် ။ ကျွန်တော် ဒီနေ့ပဲ သေရတော့မယ် ။

ကျွန်တော် သေရမှာကို အမြဲတမ်း ကြောက်နေခဲ့တာ ။ ပုံမှန်လေး ဖြစ်နေတဲ့ ကိစ္စတွေကနေ ဘယ်ကဘယ်လို ဂြိုလ်ဆိုးဝင်လာမှန်းမသိဘူး ။ အမြဲတမ်း ဂြိုလ်ဆိုးဝင်နေခဲ့တာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော် အသက်ရှင်ဖို့ရာ လုံလောက်ခဲ့ပြီ ။ အဖေကတော့ ကိုယ့်ကိုယ်ကို ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဓိကဇာတ်ကောင်လို သဘောခါးတဲ့ ၊ အမြဲတမ်း အဆိုးတွေချည်း ဖြစ်နေမှာ မဟုတ်ဘူးတဲ့ ။ အထူးသဖြင့် သေဆုံးခြင်းနဲ့ ပတ်သတ်ရင်ပေါ့လေ ။ ဘာလို့ဆို သားကိုကယ်ဖို့ hero တွေက အနားမှာ ရှိနေလို့ပဲဆိုပြီး ကျွန်တော့်ကို အမြဲတမ်းပြောပြတယ် ။
သို့ပေသိ ထိုအတွေးတွေဟာ Death-Cast ရဲ့ ဖုန်းခေါ်သံကြောင့် လွင့်ပြယ်သွားကုန်ပြီ ။ Death-Cast ရဲ့ တမန်တော်က ကျွန်တော့်အသက် ၁၈ နှစ်... ဒီနေ့မှာ သေဆုံးတော့မယ့်အကြောင်း ပြောဖို့ စောင့်နေခဲ့တယ် ။

You've reached the end of published parts.

⏰ Last updated: Feb 01 ⏰

Add this story to your Library to get notified about new parts!

မရဏလမ်းဆုံWhere stories live. Discover now