X

970 106 15
                                    

[U]


ရာသီဉတုအခြေနေကတော့ဒီနေ့မိုးရွာသည်။
ကမ်ထယ်ယောင်းစိတ်ထဲမှာတော့ အလွန်အမင်း
သာယာလျက်ရှိသည်။ ရုတ်တရက်ကြီးရည်းစား
စကားပြောလိုက်သော်လည်း ငြင်းဆန်ခြင်းမခံရ
တော့စိတ်ထဲမှာလေးပင်နေတာတွေပျောက်ကုန်
ပြီလေ။

တစ်ပတ်လောက်ကြာသွားပြီ။မူယာပိုတဲ့ထိုငနဲလေး
ဆီကာအဖြေများရလေမလား... ရလေမလားနှင့်
မျှော်ကိုးနေရတာဘာမှကိုထူးခြာမနေသေးပါ။
စဉ်းစားရင်း 'ဂျောင်ဂုကဘာကိစ္စကိုမှစိတ်ထဲသိပ်
စွဲမထားတတ်ပါဘူး' ဟူ၍ပြောသောထယ်ယောစကား
ကိုကြားယောင်ရင်လက်တွေနှင့်ခြားနားစွာ စိတ်ထဲမှာ
နေတွေသာပန်းတွေပွင့်ပြီးသာယာနေသောခံစားချက်
မှာ ချက်ချင်းကို‌ခေါင်းတည့်တည့်မိုးကြိုးပစ်ခံလိုက်
ရသလိုမျိုးခံစားချက်အထိ ဆိုးဆိုးရွားရွားပြောင်းလဲ
သွားသည်။

ကျောင်းကန်တင်းကနေ သူစားဖို့ရောဂျောင်ဂုအတွက်
ပါမုန့်ဝယ်ရင်းပြန်အလာ တစ်ယောက်တည်းတွေးတော
နေသည်ကအစုံအစိဖြစ်နေ၏။

“ မင်းက ကင်မ်ထယ်ယောင်းဆိုတာလား ”

ကိုယ့်အတွေးနှင့်ကိုယ်လမ်းလျှောက်လာစဉ်‌ေကျာင်း
အနောက်ဘက်ကိုသွားသည့်လမ်းမှာရှိနေသောဘတ်စကတ်‌ေဘာကွင်းနားတွင်ရှေ့ကနေပိတ်ရက်လိုက်သော
လူတစ်စုကာမိုက်ကန်းကန်းပုံစံမျိုး။နာမည်တံဆိတ်တွေကို
ကြည့်တော့ သူသိတာလည်းတစ်ယောက်မှမရှိဘူး။
ထိုလူစုထဲကရှေ့ဆုံးမှကျောင်းသားက သူ့ကိုခပ်ထေ့ထေ့ကြည့်ကာမေးတော့...

“ ဟုတ်တယ် ”

တိုတုတ်တုတ်ပြတ်တောင်းတောင်းသူ၏အဖြေစကား
ကိုရှေ့ကလူကနားထောင်ပြီးရယ်၏။

“ အာ... မင်းကိုး~ ဟေ့ကောင်တွေကြည့်စမ်း...
မဆိုးပါဘူး။ဟယ်ဂျင်းကြိုက်ရင်လည်းကြိုက်ချင်စရာဘဲ
ဒါပေမယ့်... ဘာလို့ဒီလို ဂေးနေတဲ့ကောင်ကိုမှလဲ ”

ထိုလူပါးစပ်မှ ဂေးဟူ၍ရိုင်းစိုင်းစွာထွက်လာသော
စကားကိုသူနှင့်အတူပါလာသော သုံးလေးယောက်က
ဝိုင်း၍ ပျက်ရယ်ပြုကြသည်။

“ ဂေး~ နှစ်ဆယ့်တစ်ရာစုရောက်နေပြီ အသိဉာဏ်
တွေကတော့လူတောကိုမတိုးနိုင်သေးဘူးဘဲ ”

You've reached the end of published parts.

⏰ Last updated: Nov 14, 2022 ⏰

Add this story to your Library to get notified about new parts!

𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-Where stories live. Discover now